ဆာ​လံ 18:9-15 BCL

9 ကိုယ်​တော်​သည်​မိုး​ကောင်း​ကင်​ကို​ဖွင့်​ဟ​လျက် ဆင်း​သက်​ကြွ​လာ​တော်​မူ​၏။ခြေ​ဖ​ဝါး​တော်​အောက်​တွင်​မဲ​မှောင်​သော မိုး​တိမ်​များ​ရှိ​၏။

10 ကိုယ်​တော်​သည်​ခေ​ရု​ဗိမ် ကို​စီး​လျက်၊လေ​၏​အ​ဟုန်​ဖြင့်​လျင်​မြန်​စွာ​ကြွ​လာ​တော်​မူ​၏။

11 ကိုယ်​တော်​သည်​မိ​မိ​ကိုယ်​ကို​အ​မှောင်​ဖြင့် ဖုံး​လွှမ်း​တော်​မူ​၏။ကိုယ်​တော်​၏​ပတ်​လည်​တွင်​ရေ​ဖြင့်​ပြည့်​လျက် ထူ​ထပ်​သော​မိုး​တိမ်​များ​ရှိ​၏။

12 ကိုယ်​တော်​၏​ရှေ့​တော်​တွင်​မိုး​သီး​နှင့်​မီး​လျှံ များ​သည် လျှပ်​စစ်​ပြက်​ရာ​မှ​ပေါ်​ထွက်​လာ​လျက်၊မဲ​မှောင်​နေ​သော​မိုး​တိမ်​များ​ကို​ထွင်း​ဖောက်​၍ ကျ​လာ​၏။

13 ကိုယ်​တော်​သည်​ကောင်း​ကင်​မှ​မိုး​ချုန်း​တော်​မူ​၏။အ​မြင့်​မြတ်​ဆုံး​ဖြစ်​တော်​မူ​သော​အ​ရှင်​၏ အ​သံ​တော်​ထွက်​ပေါ်​လာ​၏။

14 ကိုယ်​တော်​သည်​မြား​တော်​တို့​ကို​ပစ်​လွှတ်​တော် မူ​လျက် ရန်​သူ​များ​ကို​ကွဲ​လွင့်​စေ​တော်​မူ​၏။လျှပ်​စစ်​ပြက်​စေ​တော်​မူ​လျက်​သူ​တို့​အား ထွက်​ပြေး​စေ​တော်​မူ​၏။

15 အို ထာ​ဝ​ရ​ဘု​ရား၊ကိုယ်​တော်​သည်​ရန်​သူ​တို့​အား​အ​မျက် ထွက်​လျက်ဟိန်း​သံ​ဖြင့်​ဆုံး​မ​တော်​မူ​လိုက်​သော​အ​ခါ သ​မုဒ္ဒ​ရာ အောက်​ခံ​မြေ​သည်​လည်း​ကောင်း၊ကမ္ဘာ​မြေ​ကြီး​၏အ​ခြေ​ခံ​အုတ်​မြစ်​များ​သည်​လည်း​ကောင်း ပွင့်​လစ်​ပေါ်​ထွက်​လာ​ကုန်​၏။