ဆာ​လံ 26:9-12 BCL

9 ကျွန်​တော်​မျိုး​အား​အ​ပြစ်​ကူး​သူ​များ​နှင့်​တ​ကွ ဖျက်​ဆီး​ပစ်​တော်​မ​မူ​ပါ​နှင့်။သူ​သတ်​သ​မား​တို့​၏​ကံ​ကြမ္မာ​ကို ခံ​စေ​တော်​မ​မူ​ပါ​နှင့်။

10 ထို​သူ​တို့​သည်​မ​ကောင်း​မှု​ကို​အ​ခါ​ခပ်​သိမ်း ပြု​ကျင့်​လျက်တံ​စိုး​လက်​ဆောင်​ယူ​ရန်​အ​စဉ်​အ​မြဲ အ​သင့်​ရှိ​သူ​များ​ဖြစ်​ကြ​ပါ​၏။

11 ကျွန်​တော်​မျိုး​မူ​ကား​မှန်​ရာ​ကို​ပြု​ကျင့်​ပါ​၏။ကျွန်​တော်​မျိုး​အား​က​ရု​ဏာ​ထား​တော်​မူ​၍ ကယ်​တော်​မူ​ပါ။

12 ငါ​သည်​ဘေး​အန္တ​ရာယ်​အ​ပေါင်း​မှ​ကင်း​လွတ် လုံ​ခြုံ​လျက်​ရှိ​၏။လူ​ပ​ရိတ်​သတ်​အ​လယ်​တွင်​ထာ​ဝ​ရ​ဘု​ရား​အား ထော​မ​နာ​ပြု​ပါ​မည်။