ဆာ​လံ 27:3-9 BCL

3 စစ်​တပ်​တစ်​တပ်​လုံး​ပင်​ငါ့​ကို​ဝိုင်း​ရံ​ထား​စေ​ကာ​မူ ငါ​သည်​ကြောက်​လန့်​လိမ့်​မည်​မ​ဟုတ်။အ​ကယ်​၍​ငါ​၏​ရန်​သူ​များ​က​ပင်​လျှင်ငါ့​ကို​တိုက်​ခိုက်​စေ​ကာ​မူ​ငါ​သည် ထာ​ဝ​ရ​ဘု​ရား​အား​ကိုး​စား​မည်။

4 ထာ​ဝ​ရ​ဘု​ရား​အား​ငါ​တောင်း​လျှောက်​လို သော​ဆု၊ ငါ​လို​ချင်​တောင့်​တ​သော​ဆု​တစ်​ခု​တည်း​ရှိ​၏။ထို​ဆု​ကား​ဘု​ရား​သ​ခင်​၏​အိမ်​တော်​တွင်တစ်​သက်​လုံး​နေ​ရ​၍​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​အံ့​သြ​လျက်ကိုယ်​တော်​၏​လမ်း​ပြ​မှု​ကို​တောင်း​ခံ​နိုင်​ခွင့် ပင်​ဖြစ်​၏။

5 ဘေး​အန္တ​ရာယ်​ရောက်​သည့်​ကာ​လငါ့​အား​ကိုယ်​တော်​ကွယ်​ကာ​စောင့်​ရှောက်​၍ ထား​တော်​မူ​လိမ့်​မည်။ဗိ​မာန်​တော်​တွင်​လုံ​ခြုံ​စွာ​ထား​တော်​မူ​လိမ့်​မည်။ဘေး​ကင်း​စေ​ရန်​ကျောက်​ဆောင်​မြင့်​ပေါ်​မှာ​တင်​၍ ထား​တော်​မူ​လိမ့်​မည်။

6 သို့​ဖြစ်​၍​ငါ​သည်​မိ​မိ​အား​ဝိုင်း​ရံ​ထား​သည့် ရန်​သူ​များ​ကို​အောင်​မြင်​ခွင့်​ရ​လိမ့်​မည်။ငါ​သည်​ဝမ်း​မြောက်​ရွှင်​လန်း​စွာ​ကြွေး​ကြော် လျက် ဗိ​မာန်​တော်​တွင်​ယဇ်​ပူ​ဇော်​မည်။သီ​ချင်း​ဆို​မည်။ ထာ​ဝ​ရ​ဘု​ရား​အား ထော​မ​နာ​ပြု​မည်။

7 အို ထာ​ဝ​ရ​ဘု​ရား၊ကိုယ်​တော်​ရှင်​အား​ကျွန်​တော်​မျိုး​ခေါ်​သော​အ​ခါ ထူး​တော်​မူ​ပါ။က​ရု​ဏာ​ထား​တော်​မူ​၍​ထူး​တော်​မူ​ပါ။

8 ``ငါ့​ထံ​သို့​ချဉ်း​ကပ်​၍​ကိုး​ကွယ်​ဝတ်​ပြု​လော့'' ဟု ကိုယ်​တော်​ရှင်​မိန့်​တော်​သည်​အ​တိုင်းအို ထာ​ဝ​ရ​ဘု​ရား၊ကျွန်​တော်​မျိုး​သည်​အ​ထံ​တော်​သို့​ချဉ်း​ကပ် ပါ​မည်။

9 ကျွန်​တော်​မျိုး​အား​မျက်​နှာ​တော်​ကို​လွှဲ​တော် မ​မူ​ပါ​နှင့်။ အ​မျက်​ထွက်​တော်​မ​မူ​ပါ​နှင့်။ကိုယ်​တော်​ရှင်​၏​အ​စေ​ခံ​ဖြစ်​သူ​ကျွန်​တော် မျိုး​အား ကူ​မ​တော်​မူ​သော​အ​ရှင်​ဖြစ်​တော်​မူ​ပါ​၏။ကျွန်​တော်​မျိုး​၏​ကယ်​တင်​ရှင် အို ဘု​ရား​သ​ခင်၊ကျွန်​တော်​မျိုး​အား​ပစ်​ထား​တော်​မ​မူ​ပါ​နှင့်။ စွန့်​ပစ်​တော်​မ​မူ​ပါ​နှင့်။