ဆာ​လံ 32:6-11 BCL

6 သို့​ဖြစ်​၍​ကိုယ်​တော်​ရှင်​အား​သစ္စာ​စောင့်​သူ​တို့​သည် အ​ရေး​ကြုံ​သည့်​အ​ခါ​များ​၌အ​ထံ​တော်​သို့​ဆု​တောင်း​ပတ္ထ​နာ​ပြု​သင့်​ကြ ပါ​သည်။အ​ဟုန်​ပြင်း​စွာ​လွှမ်း​မိုး​၍​လာ​သော​ရေ​သည် သူ​တို့​ထံ​သို့​ရောက်​ရှိ​လိမ့်​မည်​မ​ဟုတ်​ပါ။

7 ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​ခို​လှုံ​ရာ ဖြစ်​တော်​မူ​ပါ​၏။ကျွန်​တော်​မျိုး​အား​ဒုက္ခ​မှ​ကယ်​တော်​မူ​လိမ့်​မည်။ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​ကို​ကွယ်​ကာ စောင့်​ရှောက်​တော်​မူ​သ​ဖြင့်ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏ကယ်​တင်​ခြင်း​ကျေး​ဇူး​တော်​အ​ကြောင်း​ကို အ​သံ​ကျယ်​စွာ​သီ​ချင်း​ဆို​ပါ​မည်။

8 ထာ​ဝ​ရ​ဘု​ရား​က``ငါ​သည်​သင်​လိုက်​လျှောက်​သင့်​သည့်​လမ်း​ကို ပြ​ညွှန်​မည်။သင့်​အား​အ​ကြံ​ဉာဏ်​ပေး​၍​ကြည့်​ရှု​ပြု​စု​မည်။

9 သင်​သည်​ဇက်​နှင့်​ဇက်​ကြိုး​ဖြင့်​ထိန်း​ရ​သောမြင်း​သို့​မ​ဟုတ်​လား​ကဲ့​သို့​ဉာဏ်​မ​တုံး​နှင့်'' ဟု မိန့်​တော်​မူ​၏။

10 သူ​ယုတ်​မာ​တို့​သည်​ဒုက္ခ​ရောက်​ကြ​ရ​လိမ့်​မည်။သို့​ရာ​တွင်​ဘု​ရား​သ​ခင်​ကို​ကိုး​စား​သူ​တို့​မူ​ကားခိုင်​မြဲ​သော​မေတ္တာ​တော်​ဖြင့်​ကွယ်​ကာ​ခြင်း​ကို ခံ​ရ​၏။

11 အို သူ​တော်​ကောင်း​အ​ပေါင်း​တို့၊ထာ​ဝ​ရ​ဘု​ရား​ပြု​တော်​မူ​သော​အ​မှု​တော် အ​တွက် ဝမ်း​မြောက်​ရွှင်​မြူး​ကြ​လော့။ကိုယ်​တော်​၏​စ​ကား​ကို​နား​ထောင်​သူ​အ​ပေါင်း​တို့၊ ရွှင်​လန်း​စွာ​ကြွေး​ကြော်​ကြ​လော့။