14 ဒုစရိုက်ကိုရှောင်၍သုစရိုက်ကိုပြုကြလော့။ငြိမ်းချမ်းသာယာမှုကိုရရှိနိုင်ရန်အစွမ်းကုန် ကြိုးစားကြလော့။
15 ဘုရားသခင်သည်သူတော်ကောင်းတို့အား ကြည့်ရှုစောင့်ရှောက်တော်မူ၍သူတို့၏အော်ဟစ်သံများကိုနားညောင်းတော် မူ၏။
16 သို့ရာတွင်ဒုစရိုက်ပြုသူတို့မူကားသေသော အခါမကြာမီပင်သူတို့ကိုလူတို့မေ့ပျောက်သွား စေရန်ကိုယ်တော်သည်သူတို့ကိုဆန့်ကျင်ဘက်ပြု တော်မူ၏။
17 သူတော်ကောင်းတို့သည်ကိုယ်တော်အား ခေါ်ကြသောအခါကိုယ်တော်သည်ထူးတော်မူ၍ဆင်းရဲဒုက္ခ အပေါင်းမှ ကယ်ဆယ်တော်မူ၏။
18 ကိုယ်တော်သည်စိတ်ပျက်အားလျော့သူတို့၏ အနီးတွင်ရှိတော်မူ၏။မျှော်လင့်စရာလုံးဝမရှိသူတို့အားကယ် တော်မူ၏။
19 သူတော်ကောင်းသည်ဆင်းရဲဒုက္ခများစွာ ရောက်ရတတ်၏။သို့ရာတွင်ထာဝရဘုရားသည်သူ့အား ယင်းဆင်းရဲဒုက္ခအပေါင်းမှကယ်တော်မူ၏။
20 ထာဝရဘုရားသည်သူ၏အသက်ကို ထိန်းသိမ်းစောင့်ရှောက်တော်မူ၏။သူ၏အရိုးတစ်ချောင်းမျှပင်လျှင်မကျိုး မပဲ့ရ။