ဆာ​လံ 35:18-24 BCL

18 ထို​အ​ခါ​ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​၏ လူ​စု​တော် အ​စည်း​အ​ဝေး​တွင်ကိုယ်​တော်​၏​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ပါ​မည်။လူ​ပ​ရိ​သတ်​ကြီး​၏​ရှေ့​တွင်​ကိုယ်​တော်​အား ထော​မ​နာ​ပြု​ပါ​မည်။

19 ကျွန်​တော်​မျိုး​၏​ရန်​သူ​လူ​လိမ်​လူ​ညာ​များ အားကျွန်​တော်​မျိုး​အ​ရေး​ရှုံး​နိမ့်​မှု​ကို​အ​ကြောင်း ပြု​ကာ နှစ်​ထောင်း​အား​ရ​ခွင့်​ကို​ပေး​တော်​မ​မူ​ပါ နှင့်။အ​ကြောင်း​မဲ့​ကျွန်​တော်​မျိုး​ကို​မုန်း​သော​သူ​တို့​အားကျွန်​တော်​မျိုး​၏​ဝမ်း​နည်း​မှု​ကို​အ​ကြောင်း​ပြု​၍ လှောင်​ပြောင်​ခွင့်​ကို​ပေး​တော်​မ​မူ​ပါ​နှင့်။

20 သူ​တို့​သည်​ငြိမ်း​ချမ်း​စေ​မည့်​စ​ကား​ကို မ​ပြော​ဘဲငြိမ်း​ချမ်း​ရေး​လို​လား​သူ​တို့​၏​အ​ကြောင်း​ကို မ​ဟုတ်​မ​မှန်​လုပ်​ကြံ​၍​ပြော​ဆို​ကြ​ပါ​၏။

21 သူ​တို့​က``ဟား​ဟား​သင်​ပြု​သော​အ​မှု​ကိုငါ​တို့​မြင်​ကြ​၏'' ဟု​အော်​ဟစ်​၍​ကျွန်​တော် မျိုး​အား စွပ်​စွဲ​ပြော​ဆို​ကြ​ပါ​၏။

22 သို့​သော်​လည်း အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​သည်​ဤ​အ​မှု​ကို​သိ​မြင်​တော် မူ​ပါ​၏။သို့​ဖြစ်​၍ အို ထာ​ဝ​ရ​ဘု​ရား၊ ဆိတ်​ဆိတ်​နေ​တော်​မ​မူ​ပါ​နှင့်။ကျွန်​တော်​မျိုး​နှင့်​ဝေး​ဝေး​နေ​တော်​မ​မူ​ပါ​နှင့်။

23 အို ထာ​ဝ​ရ​ဘု​ရား၊ကျွန်​တော်​မျိုး​၏​ဘု​ရား၊နိုး​ထ​တော်​မူ​၍ကျွန်​တော်​မျိုး​ဖြောင့်​မှန်​ကြောင်း​စီ​ရင် ဆုံး​ဖြတ်​တော်​မူ​ပါ။

24 အို ထာ​ဝ​ရ​ဘု​ရား၊ကိုယ်​တော်​ရှင်​သည်​တ​ရား​မျှ​တ​တော်​မူ​သော​အ​ရှင် ဖြစ်​တော်​မူ​သည်​ဖြစ်​၍ကျွန်​တော်​မျိုး​တွင်​အပြစ်​မ​ရှိ​ကြောင်း​ထုတ်​ဖော် ကြေ​ညာ​တော်​မူ​ပါ။ကျွန်​တော်​မျိုး​၏​ရန်​သူ​များ​သည်ကျွန်​တော်​မျိုး​ကို​အ​ကြောင်း​ပြု​၍​နှစ်​ထောင်း အား​ရ​ခွင့်​ကို​ရ​စေ​တော်​မ​မူ​ပါ​နှင့်။