ဆာ​လံ 35:3-9 BCL

3 ကျွန်​တော်​မျိုး​အား​လိုက်​လံ​ဖမ်း​ဆီး​သူ​တို့​အားလှံ​တံ​တော်​နှင့်​ရဲ​တင်း​တော်​ကို​ချိန်​ရွယ်​၍ ဆီး​တား​တော်​မူ​ပါ။ကိုယ်​တော်​ရှင်​သည်​ကယ်​တင်​တော်​မူ​မည်​ဖြစ် ကြောင်း ကျွန်​တော်​မျိုး​အား​မိန့်​ကြား​တော်​မူ​ပါ။

4 ကျွန်​တော်​မျိုး​အား​သတ်​ရန်​ကြိုး​စား​ကြ​သူ​တို့​သည် အ​ရေး​ရှုံး​နိမ့်​လျက်​အ​ရှက်​ကွဲ​ရ​ကြ​ပါ​စေ​သော။ကျွန်​တော်​မျိုး​ကို​အန္တ​ရာယ်​ပြု​ရန်​ကြံ​စည် သူ​တို့​သည် တပ်​လှန်​၍​က​စဥ့်​က​ရဲ​ဖြစ်​ရ​ကြ​ပါ​စေ​သော။

5 ထာ​ဝ​ရ​ဘု​ရား​၏​ကောင်း​ကင်​တ​မန်​သည် သူ​တို့​အား​လိုက်​လံ​ဖမ်း​ဆီး​သ​ဖြင့်သူ​တို့​သည်​လေ​တိုက်​ရာ​တွင်​လွင့်​ပါ​သွား တတ်​သော ဖွဲ​ကဲ့​သို့​ဖြစ်​ရ​ကြ​ပါ​စေ​သော။

6 ထာ​ဝ​ရ​ဘု​ရား​၏​ကောင်း​ကင်​တ​မန်​သည် သူ​တို့​အား​လိုက်​လံ​တိုက်​ခိုက်​စဉ်သူ​တို့​ပြေး​ရာ​လမ်း​သည်​မှောင်​မိုက်​၍ ခြေ​ချော်​ကြ​ရ​ပါ​စေ​သော။

7 သူ​တို့​သည်​အ​ကြောင်း​မဲ့​ကျွန်​တော်​မျိုး​အ​တွက်ကျော့​ကွင်း​ကို​ထောင်​၍​ကျွန်​တော်​မျိုး​ကို​ဖမ်း​ရန် တွင်း​ကို​နက်​စွာ​တူး​ကြ​ပါ​၏။

8 သို့​ရာ​တွင်​သူ​တို့​သည်​အ​မှတ်​မ​ထင်​ပျက်​စီး ဆုံး​ပါး ရ​ကြ​ပါ​လိမ့်​မည်။မိ​မိ​တို့​ထောင်​သည့်​ကျော့​ကွင်း​တွင်​ပြန်​၍​မိ​လျက်မိ​မိ​တို့​တူး​သော​တွင်း​ထဲ​သို့​ကျ​၍ ပျက်​စီး​ဆုံး​ပါး​ရ​ကြ​ပါ​လိမ့်​မည်။

9 ထို​အ​ခါ​ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ကို​အ​မှီ ပြု​၍ ဝမ်း​မြောက်​လိမ့်​မည်။ကိုယ်​တော်​သည်​ငါ့​ကို​ကယ်​တော်​မူ​သ​ဖြင့်ငါ​သည်​ရွှင်​လန်း​လိမ့်​မည်။