ဆာ​လံ 35:5-11 BCL

5 ထာ​ဝ​ရ​ဘု​ရား​၏​ကောင်း​ကင်​တ​မန်​သည် သူ​တို့​အား​လိုက်​လံ​ဖမ်း​ဆီး​သ​ဖြင့်သူ​တို့​သည်​လေ​တိုက်​ရာ​တွင်​လွင့်​ပါ​သွား တတ်​သော ဖွဲ​ကဲ့​သို့​ဖြစ်​ရ​ကြ​ပါ​စေ​သော။

6 ထာ​ဝ​ရ​ဘု​ရား​၏​ကောင်း​ကင်​တ​မန်​သည် သူ​တို့​အား​လိုက်​လံ​တိုက်​ခိုက်​စဉ်သူ​တို့​ပြေး​ရာ​လမ်း​သည်​မှောင်​မိုက်​၍ ခြေ​ချော်​ကြ​ရ​ပါ​စေ​သော။

7 သူ​တို့​သည်​အ​ကြောင်း​မဲ့​ကျွန်​တော်​မျိုး​အ​တွက်ကျော့​ကွင်း​ကို​ထောင်​၍​ကျွန်​တော်​မျိုး​ကို​ဖမ်း​ရန် တွင်း​ကို​နက်​စွာ​တူး​ကြ​ပါ​၏။

8 သို့​ရာ​တွင်​သူ​တို့​သည်​အ​မှတ်​မ​ထင်​ပျက်​စီး ဆုံး​ပါး ရ​ကြ​ပါ​လိမ့်​မည်။မိ​မိ​တို့​ထောင်​သည့်​ကျော့​ကွင်း​တွင်​ပြန်​၍​မိ​လျက်မိ​မိ​တို့​တူး​သော​တွင်း​ထဲ​သို့​ကျ​၍ ပျက်​စီး​ဆုံး​ပါး​ရ​ကြ​ပါ​လိမ့်​မည်။

9 ထို​အ​ခါ​ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ကို​အ​မှီ ပြု​၍ ဝမ်း​မြောက်​လိမ့်​မည်။ကိုယ်​တော်​သည်​ငါ့​ကို​ကယ်​တော်​မူ​သ​ဖြင့်ငါ​သည်​ရွှင်​လန်း​လိမ့်​မည်။

10 ``ကိုယ်​တော်​နှင့်​အ​ဘယ်​သူ​တူ​ပါ​သ​နည်း။အ​ဘယ်​သူ​သည်​ကိုယ်​တော်​ကဲ့​သို့​အား​နွဲ့ သူ​ကို အား​ကြီး​သူ​၏​ဘေး​မှ​လည်း​ကောင်း၊ဆင်း​ရဲ​နွမ်း​ပါး​သူ​ကို​ဖိ​စီး​နှိပ်​စက်​တတ်​သူ​၏ ဘေး​မှ​လည်း​ကောင်းကွယ်​ကာ​စောင့်​ရှောက်​ပါ​သ​နည်း'' ဟုထာ​ဝ​ရ​ဘု​ရား​အား​ခံ​စား​ချက်​အ​ပြည့် အ​ဝ​ဖြင့် ငါ​လျှောက်​ထား​မည်။

11 ဆိုး​ညစ်​သူ​တို့​သည်​ငါ​အ​ဘယ်​အ​ခါ​မျှမ​ကူး​လွန်​သည့်​ပြစ်​မှု​များ​နှင့်​ငါ့​အား စွပ်​စွဲ​ကြ​၏။