ဆာ​လံ 35:7-13 BCL

7 သူ​တို့​သည်​အ​ကြောင်း​မဲ့​ကျွန်​တော်​မျိုး​အ​တွက်ကျော့​ကွင်း​ကို​ထောင်​၍​ကျွန်​တော်​မျိုး​ကို​ဖမ်း​ရန် တွင်း​ကို​နက်​စွာ​တူး​ကြ​ပါ​၏။

8 သို့​ရာ​တွင်​သူ​တို့​သည်​အ​မှတ်​မ​ထင်​ပျက်​စီး ဆုံး​ပါး ရ​ကြ​ပါ​လိမ့်​မည်။မိ​မိ​တို့​ထောင်​သည့်​ကျော့​ကွင်း​တွင်​ပြန်​၍​မိ​လျက်မိ​မိ​တို့​တူး​သော​တွင်း​ထဲ​သို့​ကျ​၍ ပျက်​စီး​ဆုံး​ပါး​ရ​ကြ​ပါ​လိမ့်​မည်။

9 ထို​အ​ခါ​ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ကို​အ​မှီ ပြု​၍ ဝမ်း​မြောက်​လိမ့်​မည်။ကိုယ်​တော်​သည်​ငါ့​ကို​ကယ်​တော်​မူ​သ​ဖြင့်ငါ​သည်​ရွှင်​လန်း​လိမ့်​မည်။

10 ``ကိုယ်​တော်​နှင့်​အ​ဘယ်​သူ​တူ​ပါ​သ​နည်း။အ​ဘယ်​သူ​သည်​ကိုယ်​တော်​ကဲ့​သို့​အား​နွဲ့ သူ​ကို အား​ကြီး​သူ​၏​ဘေး​မှ​လည်း​ကောင်း၊ဆင်း​ရဲ​နွမ်း​ပါး​သူ​ကို​ဖိ​စီး​နှိပ်​စက်​တတ်​သူ​၏ ဘေး​မှ​လည်း​ကောင်းကွယ်​ကာ​စောင့်​ရှောက်​ပါ​သ​နည်း'' ဟုထာ​ဝ​ရ​ဘု​ရား​အား​ခံ​စား​ချက်​အ​ပြည့် အ​ဝ​ဖြင့် ငါ​လျှောက်​ထား​မည်။

11 ဆိုး​ညစ်​သူ​တို့​သည်​ငါ​အ​ဘယ်​အ​ခါ​မျှမ​ကူး​လွန်​သည့်​ပြစ်​မှု​များ​နှင့်​ငါ့​အား စွပ်​စွဲ​ကြ​၏။

12 သူ​တို့​သည်​ငါ့​အား​ကျေး​ဇူး​ကန်း​ကြ​၏။ သို့​ဖြစ်​၍​ငါ​သည်​အ​လွန်​စိတ်​ပျက်​လှ​၏။

13 ငါ​မူ​ကား​ထို​သူ​တို့​ဖျား​နာ​ကြ​သော​အ​ခါ၊ဝမ်း​နည်း​သည့်​အ​နေ​ဖြင့်​နှိမ့်​ချ​ဆု​တောင်း​လျက် လျှော်​တေ​ကို​ဝတ်​၍​အ​စာ​မ​စား​ဘဲ​နေ​၏။