28 အဘယ်ကြောင့်ဆိုသော်ထာဝရဘုရားသည် အမှန်တရားကိုနှစ်သက်တော်မူ၍မိမိအားသစ္စာစောင့်သည့်လူစုတော်ကို စွန့်ပစ်တော်မမူသောကြောင့်ဖြစ်၏။ကိုယ်တော်သည်သူတို့အားအစဉ်အမြဲ ကာကွယ်စောင့်ရှောက်တော်မူ၏။သို့ရာတွင်သူယုတ်မာတို့၏သားမြေးများမူကား ပြည်နှင်ဒဏ်သင့်ကြလိမ့်မည်။
29 ဖြောင့်မတ်သောသူတို့သည်ပြည်တော်ကိုပိုင်ဆိုင်၍ အစဉ်နေထိုင်ရကြလိမ့်မည်။
30 သူတော်ကောင်းသည်ဉာဏ်ပညာအမြော်အမြင်ရှိသော စကားကိုပြောဆိုတတ်၏။သူသည်အစဉ်ပင်တရားမျှတ၏။
31 သူသည်မိမိဘုရား၏တရားတော်ကို နှလုံးသွင်း၍ထား၏။အဘယ်အခါ၌မျှထိုတရားတော်မှ သွေဖည်၍မသွားပေ။
32 သူယုတ်မာသည်သူတော်ကောင်းအားချောင်းမြောင်း၍ သတ်ရန်ကြိုးစားတတ်၏။
33 သို့ရာတွင်ထာဝရဘုရားသည်သူတော်ကောင်းအားရန်သူ၏လက်တွင်စွန့်ပစ်၍ ထားတော်မူလိမ့်မည်မဟုတ်။သူသည်တရားရုံးသို့ရောက်၍အစစ်ခံရသော် သူ့အား အပြစ်ဒဏ်သင့်စေတော်မူလိမ့်မည်မဟုတ်။
34 ထာဝရဘုရားကိုမျှော်ကိုးလျက်ပညတ်တော် တို့ကို စောင့်ထိန်းလော့။ကိုယ်တော်သည်သင့်အားပြည်တော်ကိုပိုင်ဆိုင်ရသောအခွင့်နှင့်ချီးမြှင့်တော်မူ လိမ့်မည်။သင်သည်သူယုတ်မာတို့ပြည်နှင်ဒဏ် သင့်ကြသည်ကိုမြင်ရလိမ့်မည်။