11 အို ထာဝရဘုရား၊ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအားအစဉ်သနားကြင်နာတော်မူမည်ကိုကျွန်တော် မျိုးသိပါ၏။ကိုယ်တော်ရှင်၏မေတ္တာတော်နှင့်သစ္စာတော်သည်ကျွန်တော်မျိုးအားအစဉ်အမြဲစောင့်ထိန်းပါ လိမ့်မည်။
12 ရေတွက်၍မရနိုင်အောင်များမြောင်သောဘေးဒုက္ခတို့သည်ကျွန်တော်မျိုးအားဝိုင်းရံလျက် ရှိပါသည်တကား။ကျွန်တော်မျိုး၏အပြစ်များကကျွန်တော်မျိုးအားလိုက်၍မီသဖြင့်ကျွန်တော်မျိုးသည် မမြင်နိုင်တော့ပါ။ယင်းအပြစ်တို့သည်ကျွန်တော်မျိုးဦးခေါင်းမှ ဆံပင်ထက်များပြားသည်ဖြစ်၍ကျွန်တော်မျိုးသည်စိတ်ပျက်အားလျော့ပါပြီ။
13 အို ထာဝရဘုရား၊ကျွန်တော်မျိုးအားကယ်တော်မူပါ။ ယခုပင်ကူမတော်မူပါ။
14 ကျွန်တော်မျိုးအားသတ်ရန်ကြိုးစားကြသူ တို့သည်လုံးဝအရေးရှုံးနိမ့်၍ကစဥ့်ကရဲဖြစ်ကြ ပါစေသော။ကျွန်တော်မျိုး၏ဒုက္ခများကိုအကြောင်းပြု၍ဝမ်းမြောက်ကြသူတို့သည်တပ်လန်၍ အရှက်ကွဲရကြပါစေသော။
15 ကွန်တော်မျိုးအားပြောင်လှောင်ကြသူတို့သည်အရေးရှုံးနိမ့်၍တုန်လှုပ်ချောက်ချားကြပါစေ သော။
16 ကိုယ်တော်ရှင်၏ထံတော်သို့ချဉ်းကပ်ကြသူအပေါင်းတို့သည်ဝမ်းမြောက်ရွှင်လန်းကြပါစေသော။ကိုယ်တော်ရှင်၏ကယ်တင်ခြင်းကျေးဇူးအတွက်ကျေးဇူးတော်ကိုချီးမွမ်းကြသူအပေါင်းတို့ သည်``ထာဝရဘုရားသည်အလွန်ကြီးမြတ်တော်မူ ပါပေသည်'' ဟုအစဉ်မပြတ်ချီးကူးနိုင်ကြပါစေသော။
17 အို ဘုရားရှင်၊ကျွန်တော်မျိုးသည်အားအင်ချိနဲ့၍ ခိုကိုးရာမဲ့သူဖြစ်သော်လည်းကိုယ်တော်ရှင်သည်ကျွန်တော်မျိုးကို သတိရတော်မူပါ၏။ကိုယ်တော်ရှင်သည်ကျွန်တော်မျိုး၏ကယ်တင်ရှင်၊ ကျွန်တော်မျိုး၏ဘုရားသခင်ဖြစ်တော်မူပါ၏။ကျွန်တော်မျိုးအားကူမတော်မူရန်အလျင် အမြန် ကြွတော်မူပါ။