ဆာ​လံ 40:9-15 BCL

9 အို ထာ​ဝ​ရ​ဘု​ရား၊ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏ လူ​စု​တော်​ဝင်​အ​ပေါင်း​တို့​စု​ဝေး​ရာ​၌ကျွန်​တော်​မျိုး​တို့​အား​ကိုယ်​တော်​ရှင်ကယ်​တော်​မူ​ကြောင်း​သ​တင်း​ကောင်း​ကို ပြော​ကြား​ပါ​၏။ဤ​အ​ကြောင်း​ကို​ကျွန်​တော်​မျိုး​သည်​အ​စဉ် မ​ပြတ်ပြော​ကြား​နေ​မည်​ဖြစ်​ကြောင်း​ကိုယ်​တော်​ရှင် သိ​တော်​မူ​ပါ​၏။

10 ကျွန်​တော်​မျိုး​သည်​ကယ်​တင်​ခြင်း​သ​တင်း​တော်​ကို မျို​သိပ်​၍​မ​ထား​ပါ။ကိုယ်​တော်​ရှင်​၏​သစ္စာ​တော်​အ​ကြောင်း​နှင့်ကူ​မ​တော်​မူ​ခြင်း​အ​ကြောင်း​တို့​ကို အ​စဉ်​ပင်​ဖော်​ပြ​ခဲ့​ပါ​၏။ကိုယ်​တော်​ရှင်​၏​လူ​စု​တော်​ဝင်​အ​ပေါင်း​တို့ စု​ဝေး​ရာ​၌ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏​သစ္စာ​တော် အ​ကြောင်း​နှင့်ခိုင်​မြဲ​သော​မေတ္တာ​တော်​အ​ကြောင်း​တို့​ကို မ​ထိမ်​မ​ဝှက်​ပါ။

11 အို ထာ​ဝ​ရ​ဘု​ရား၊ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အား​အ​စဉ်သ​နား​ကြင်​နာ​တော်​မူ​မည်​ကို​ကျွန်​တော် မျိုး​သိ​ပါ​၏။ကိုယ်​တော်​ရှင်​၏​မေတ္တာ​တော်​နှင့်​သစ္စာ​တော်​သည်ကျွန်​တော်​မျိုး​အား​အ​စဉ်​အ​မြဲ​စောင့်​ထိန်း​ပါ လိမ့်​မည်။

12 ရေ​တွက်​၍​မ​ရ​နိုင်​အောင်​များ​မြောင်​သောဘေး​ဒုက္ခ​တို့​သည်​ကျွန်​တော်​မျိုး​အား​ဝိုင်း​ရံ​လျက် ရှိ​ပါ​သည်​တ​ကား။ကျွန်​တော်​မျိုး​၏​အ​ပြစ်​များ​က​ကျွန်​တော်​မျိုး​အားလိုက်​၍​မီ​သ​ဖြင့်​ကျွန်​တော်​မျိုး​သည် မ​မြင်​နိုင်​တော့​ပါ။ယင်း​အ​ပြစ်​တို့​သည်​ကျွန်​တော်​မျိုး​ဦး​ခေါင်း​မှ ဆံ​ပင်​ထက်​များ​ပြား​သည်​ဖြစ်​၍ကျွန်​တော်​မျိုး​သည်​စိတ်​ပျက်​အား​လျော့​ပါ​ပြီ။

13 အို ထာ​ဝ​ရ​ဘု​ရား၊ကျွန်​တော်​မျိုး​အား​ကယ်​တော်​မူ​ပါ။ ယ​ခု​ပင်​ကူ​မ​တော်​မူ​ပါ။

14 ကျွန်​တော်​မျိုး​အား​သတ်​ရန်​ကြိုး​စား​ကြ​သူ တို့​သည်လုံး​ဝ​အ​ရေး​ရှုံး​နိမ့်​၍​က​စဥ့်​က​ရဲ​ဖြစ်​ကြ ပါ​စေ​သော။ကျွန်​တော်​မျိုး​၏​ဒုက္ခ​များ​ကို​အ​ကြောင်း​ပြု​၍ဝမ်း​မြောက်​ကြ​သူ​တို့​သည်​တပ်​လန်​၍ အ​ရှက်​ကွဲ​ရ​ကြ​ပါ​စေ​သော။

15 ကွန်​တော်​မျိုး​အား​ပြောင်​လှောင်​ကြ​သူ​တို့​သည်အ​ရေး​ရှုံး​နိမ့်​၍​တုန်​လှုပ်​ချောက်​ချား​ကြ​ပါ​စေ သော။