23 အို ထာဝရဘုရား၊ နိုးထတော်မူပါ။ကိုယ်တော်ရှင်သည်အဘယ်ကြောင့်ကျိန်းစက်၍ နေတော်မူပါသနည်း။ ထတော်မူပါ။ကျွန်တော်မျိုးတို့အားထာဝစဉ်ပစ်ပယ်တော်မမူပါနှင့်။
24 ကိုယ်တော်ရှင်သည်အဘယ်ကြောင့်ကျွန်တော်မျိုးတို့အားမျက်နှာတော်ကို လွှဲတော်မူပါသနည်း။ကျွန်တော်မျိုးတို့၏ဝေဒနာနှင့်ဆင်းရဲဒုက္ခများကို မေ့တော်မမူပါနှင့်။
25 ကျွန်တော်မျိုးတို့သည်မြေသို့တိုင်အောင် ချေမှုန်းခြင်းကိုခံကြရပါ၏။အရေးရှုံးနိမ့်ကာမြေမှုန့်တွင်လဲလျက် နေကြရပါ၏။
26 ထတော်မူ၍ကျွန်တော်မျိုးတို့အားကူမ တော်မူပါ။ကိုယ်တော်ရှင်၏ခိုင်မြဲသောမေတ္တာတော်ကို ထောက်၍ ကယ်တော်မူပါ။