4 ကိုယ်တော်ရှင်သည်ကျွန်တော်မျိုး၏ဘုရင်၊ ကျွန်တော်မျိုး၏ဘုရားဖြစ်တော်မူ၏။ကိုယ်တော်ရှင်၏လူစုတော်အားအောင်ပွဲကို ပေးတော်မူပါ၏။
5 ကျွန်တော်မျိုးတို့သည်ကိုယ်တော်ရှင်၏တန်ခိုးတော်အားဖြင့်ရန်သူများကို အနိုင်ရကြပါ၏။
6 ကျွန်တော်မျိုးသည်မိမိ၏လေးကိုအားမကိုးပါ။ကျွန်တော်မျိုး၏ဋ္ဌားသည်လည်းကျွန်တော်မျိုးကို မကယ်နိုင်ပါ။
7 သို့ရာတွင်ကိုယ်တော်ရှင်သည်ကျွန်တော်မျိုး တို့အား ရန်သူများလက်မှကယ်တော်မူ၍ကျွန်တော်မျိုးတို့ကိုမုန်းသူတို့အား နှိမ်နင်းတော်မူခဲ့ပါ၏။
8 ကျွန်တော်မျိုးတို့သည်ကိုယ်တော်ရှင်အားအစဉ်အမြဲထောမနာပြု၍ကျေးဇူးတော်ကို ထာဝစဉ်ချီးမွမ်းပါမည်။
9 သို့ရာတွင်ယခုအခါ၌ကိုယ်တော်သည်ကျွန်တော်မျိုးတို့အားပစ်ပယ်တော်မူလျက် အရေးရှုံးနိမ့်စေတော်မူပါပြီ။ကျွန်တော်မျိုးတို့၏စစ်တပ်များနှင့်အတူ ချီတက်တော်မမူတော့ပါ။
10 ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးတို့အား ရန်သူများထံမှထွက်ပြေးစေတော်မူပါ၏။သူတို့သည်လည်းကျွန်တော်မျိုးတို့၏ ပစ္စည်းဥစ္စာများကိုအပိုင်သိမ်းယူကြပါ၏။