13 မင်းသမီးသည်နန်းတွင်းသို့ရောက်လေပြီ။သူသည်အလွန်လှပတင့်တယ်ပါသည်တကား။သူ၏ဝတ်လဲတော်ကိုရွှေချည်ဖြင့် ရက်လုပ်ထားပေသည်။
14 သူသည်အရောင်အဝါတောက်ပသည့် အဝတ်တန်ဆာကိုဝတ်ဆင်ထား၏။သူ့ကိုအပျိုရံများလိုက်ပါလျက်မင်းကြီး ထံသို့ ခေါ်ဆောင်ခဲ့ကြ၏။အပျိုရံများကိုလည်းမင်းကြီးထံသို့ ခေါ်ဆောင်ခဲ့ကြ၏။
15 သူတို့သည်ဝမ်းမြောက်ပျော်ရွှင်စွာလာရောက်ကြပြီးလျှင်မင်းကြီး၏နန်းတော်သို့ ဝင်ကြ၏။
16 ကျွန်တော်မျိုး၏အရှင်မင်းမြတ်၊ဘိုးတော် တို့၏ အရိုက်အရာကိုဆက်ခံရန်အတွက်အရှင်မင်းကြီးမှာသားရတနာမြောက်မြားစွာ ထွန်းကားပါလိမ့်မည်။အရှင်မင်းကြီးသည်သူတို့အားကမ္ဘာအရပ် ရပ်တွင် စိုးမိုးအုပ်ချုပ်မင်းလုပ်စေတော်မူလိမ့်မည်။
17 ကျွန်တော်မျိုး၏သီချင်းသည်အရှင်မင်း ကြီးအား ထာဝစဉ်ထင်ပေါ်ကျော်ကြားစေပါလိမ့်မည်။လူအပေါင်းတို့သည်လည်းအရှင်မင်းကြီးအား ကာလအစဉ်အဆက်ချီးမွမ်းကြပါလိမ့်မည်။