ဆာ​လံ 50:1-4 BCL

1 အ​နန္တ​တန်​ခိုး​ရှင်​ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ​သောထာ​ဝ​ရ​ဘု​ရား​သည်​အ​ရှေ့​မှ​အ​နောက်​သို့ တိုင်​အောင် ကမ္ဘာ​တစ်​ဝန်း​လုံး​အား​မိန့်​မြွက်​ဆင့်​ခေါ်​တော် မူ​၏။

2 ထာ​ဝ​ရ​ဘု​ရား​သည်​အ​လွန်​တ​ရာ​လှ​ပ တင့်​တယ်​သည့် မြို့​တော်​တည်း​ဟူ​သောဇိ​အုန်​တောင်​မှ​ရောင်​ခြည်​တော်​ကို​လွှတ်​တော်​မူ​၏။

3 ငါ​တို့​၏​ဘု​ရား​သည်​ကြွ​လာ​တော်​မူ​၏။သို့​ရာ​တွင်​ဆိတ်​ဆိတ်​ကြွ​လာ​တော်​မူ​သည်​မ​ဟုတ်။ရှေ့​တော်​တွင်​မီး​တောက်​မီး​လျှံ​ဟုန်း​ဟုန်း​ထ​လျက်ကိုယ်​တော်​၏​ပတ်​လည်​တွင်​လေ​ပြင်း​မုန်​တိုင်း တိုက်​ခတ်​လျက်​ရှိ​၏။

4 မိ​မိ​လူ​စု​တော်​အား​တ​ရား​စီ​ရင်​တော်​မူ သည်​ကို ကြည့်​ရှု​ကြ​ရန်ကိုယ်​တော်​သည်​သက်​သေ​များ​အ​ဖြစ်မိုး​ကောင်း​ကင်​နှင့်​ကမ္ဘာ​မြေ​ကြီး​ကို​ဆင့်​ခေါ် တော်​မူ​၏။