12 ``အကယ်၍ငါသည်ဆာမွတ်ခဲ့မူသင်တို့ထံမှ အစာကိုတောင်းမည်မဟုတ်။အဘယ်ကြောင့်ဆိုသော်ကမ္ဘာမြေကြီးနှင့်ကမ္ဘာပေါ်ရှိ အရာဟူသမျှကိုငါပိုင်သောကြောင့်ဖြစ်၏။
13 ငါသည်အမဲသားကိုစားပါသလော။ ဆိတ်သွေးကိုသောက်ပါသလော။
14 ကျေးဇူးတော်ချီးမွမ်းခြင်းသည်သာ လျှင်ဘုရားသခင်အားသင်တို့ပူဇော်ရာ ယဇ်ဖြစ်စေကြလော့။ထို့ပြင်၊အနန္တတန်ခိုးရှင်အားသင်တို့သစ္စာ ကတိထားသည့်အတိုင်းပြုကြလော့။
15 ဒုက္ခရောက်ချိန်၌ငါ့အားပတ္ထနာပြုကြလော့။ ငါသည်သင်တို့အားကယ်မည်။သင်တို့သည်လည်းငါ့အားထောမနာ ပြုကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
16 သို့ရာတွင်ထာဝရဘုရားကသူယုတ်မာ အား``သင်သည်အဘယ်ကြောင့်ငါ၏ပညတ်တော်တို့ကို ရွတ်ဆိုရပါသနည်း။ငါ၏ပဋိညာဉ်တော်အကြောင်းကိုအဘယ်ကြောင့် ပြောဆိုရပါသနည်း။
17 သင်သည်ငါဆုံးမသွန်သင်သည်ကိုလက်မခံ။ ငါ၏ပညတ်တော်တို့ကိုပစ်ပယ်၏။
18 သင်သည်သူခိုးနှင့်တွေ့လျှင်မိတ်ဖွဲ့တတ်၏။သူတစ်ပါး၏အိမ်ရာကိုပြစ်မှားသူတို့နှင့်လည်း ပေါင်းဖော်တတ်၏။