1 အို ဘုရားသခင်၊ကိုယ်တော်ရှင်၏တန်ခိုးတော်အားဖြင့် ကျွန်တော်မျိုးအားကယ်တော်မူပါ။ကျွန်တော်မျိုးအားကိုယ်တော်၏အာနုဘော် အားဖြင့် လွတ်မြောက်စေတော်မူပါ။
2 ဘုရားသခင်၊ကျွန်တော်မျိုး၏ဆုတောင်း ပတ္ထနာကို ကြားတော်မူပါ။ကျွန်တော်မျိုးတောင်းလျှောက်သောစကားတို့ကို နားထောင်တော်မူပါ။
3 မာန်မာနကြီးသူတို့သည်ကျွန်တော်မျိုးအား တိုက်ခိုက်ရန်လာကြပါပြီ။ဘုရားကိုပမာဏမပြုသည့်ရက်စက်ကြမ်းကြုတ်သူတို့သည်ကျွန်တော်မျိုး အား သတ်ရန်ကြိုးစားကြပါ၏။
4 သို့ရာတွင်ဘုရားသခင်သည်ငါ့ကိုကူမတော် မူသော အရှင်ဖြစ်၏။ငါ၏ဘက်မှခုခံကာကွယ်တော်မူသောအရှင် ဖြစ်၏။