4 သို့ရာတွင်ဘုရားသခင်သည်ငါ့ကိုကူမတော် မူသော အရှင်ဖြစ်၏။ငါ၏ဘက်မှခုခံကာကွယ်တော်မူသောအရှင် ဖြစ်၏။
5 ငါ၏ရန်သူတို့၏ဆိုးညစ်မှုသည်သူတို့အားပြန်လည်၍ဒဏ်ခတ်စေရန်ဘုရားသခင် စီရင်တော်မူပါစေသော။ကိုယ်တော်သည်သစ္စာစောင့်တော်မူသည်ဖြစ်၍ သူတို့အားသုတ်သင်ပယ်ရှင်းတော်မူလိမ့် မည်။
6 အို ထာဝရဘုရား၊ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်အား ဝမ်းမြောက်စွာယဇ်ပူဇော်ပါမည်။ကိုယ်တော်ရှင်သည်ကောင်းမြတ်တော်မူသည် ဖြစ်၍ကျွန်တော်မျိုးသည်ကျေးဇူးတော်ကိုချီးမွမ်း ပါမည်။
7 ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအားဆင်းရဲ ဒုက္ခအပေါင်းမှကယ်ဆယ်တော်မူပါပြီ။ကျွန်တော်မျိုးသည်ရန်သူတို့အရေးရှုံးနိမ့် ကြသည်ကို တွေ့မြင်ရပါပြီ။