6 အကယ်၍ချိုးငှက်ကဲ့သို့ငါ့မှာအတောင်များရှိခဲ့ပါမူငါသည်အဝေးသို့ပျံသွားကာ နားနေစရာအရပ်ကိုရှာမည်။
7 ငါသည်အလွန်ဝေးရာအရပ်သို့ပျံသွားလျက် တောကန္တာရတွင်နေထိုင်ပါမည်။
8 ငါသည်လျင်မြန်စွာသွား၍လေပြင်းနှင့်မိုးသက်မုန်တိုင်းတို့မှအကာအကွယ်ကိုရှာမည်။
9 အို ဘုရားရှင်၊ကျွန်တော်မျိုး၏ရန်သူများပြောဆိုသည့် စကားများကိုရှုပ်ထွေးစေတော်မူပါ။မြို့တွင်း၌အကြမ်းဖက်မှုနှင့်လုယက်မှုတို့ကို ကျွန်တော်မျိုးမြင်ပါ၏။
10 ထိုသူတို့သည်မြို့ကိုနေ့ညမပြတ်ဝိုင်းရံထား ကြပါ၏။မြို့ထဲတွင်ရာဇဝတ်မှု၊နှောင့်ယှက်မှုများနှင့် ပြည့်နှက်လျက်ရှိပါ၏။
11 နေရာတကာတွင်အပျက်အစီးများရှိနေပါ၏။လမ်းများ၌နှိပ်စက်ညှဉ်းဆဲမှု၊လိမ်လည် လှည့်စားမှုများနှင့်ပြည့်နှက်လျက်ရှိပါ၏။
12 အကယ်၍ငါ့အားပြောင်လှောင်သူသည်ငါ၏ရန်သူဖြစ်ခဲ့သော်ငါသည်သည်းခံနိုင် ပါ၏။ငါ့ကိုအကြောင်းပြု၍ကြွားဝါသောရန်ဘက် ဖြစ်ခဲ့သော် ငါသည်သူ့ကိုရှောင်ရှားနိုင်၏။