ဆာ​လံ 56:1-6 BCL

1 အို ဘု​ရား​သ​ခင်၊ကျွန်​တော်​မျိုး​သည်​တိုက်​ခိုက်​ခြင်း​ကို​ခံ​နေ​ရ​သ​ဖြင့် ကျွန်​တော်​မျိုး​ကို​သ​နား​တော်​မူ​ပါ။ရန်​သူ​များ​သည်​ကျွန်​တော်​မျိုး​အား​နေ့​ရှိ​သ​မျှ ညှဉ်း​ဆဲ​နှိပ်​စက်​ကြ​ပါ​၏။

2 ကျွန်​တော်​မျိုး​၏​ရန်​ဘက်​တို့​သည်​တစ်​နေ့​လုံး​ပင် ကျွန်​တော်​မျိုး​အား​တိုက်​ခိုက်​ကြ​ပါ​၏။ကျွန်​တော်​မျိုး​အား​တိုက်​ခိုက်​သူ​တို့​များ​လှ​ပါ​၏။

3 အို အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ကျွန်​တော်​မျိုး​သည်​ကြောက်​လန့်​သော​အ​ခါ ကိုယ်​တော်​ရှင်​အား​ကိုး​စား​ပါ​၏။

4 ငါ​သည်​ဘု​ရား​သ​ခင်​အား​ကိုး​စား​သ​ဖြင့် အ​ဘယ်​သူ​ကို​မျှ​ကြောက်​လန့်​မည်​မ​ဟုတ်။ကိုယ်​တော်​၏​က​တိ​တော်​အ​တွက်​ကိုယ်​တော်​အား ထော​မ​နာ​ပြု​မည်။လူ​သည်​ငါ့​အား​အ​ဘယ်​သို့​ပြု​နိုင်​မည်​နည်း။

5 ငါ​၏​ရန်​သူ​များ​သည်​ငါ့​ကို​တစ်​နေ့​လုံး စော်​ကား​ပြော​ဆို​ကြ​၏။ငါ့​အား​အ​ကျိုး​နည်း​စေ​ရန်​နည်း​လမ်း​ကို အ​စဉ်​ပင်​ရှာ​ကြံ​လျက်​နေ​ကြ​၏။

6 သူ​တို့​သည်​ပုန်း​ကွယ်​ရာ​အ​ရပ်​များ​တွင် စု​ရုံး​ကာငါ့​ကို​သတ်​ဖြတ်​နိုင်​ရန်​ငါ​ပြု​သ​မျှ​သော အ​မှု​တို့​ကို​ချောင်း​မြောင်း​၍​ကြည့်​ကြ​၏။