4 ကိုယ်တော်ရှင်အားကြောက်ရွံ့ရိုသေသူတို့ သည်အပြစ်ဒဏ်လွတ်မြောက်စေရန်သူတို့အား ကိုယ်တော်သတိပေးတော်မူပါပြီ။
5 ကိုယ်တော်ရှင်၏တန်ခိုးတော်အားဖြင့် ကျွန်တော်မျိုးတို့အားကယ်တော်မူပါ။ချစ်တော်မူသောသူတို့သည်ကယ်ဆယ် ခြင်း ခံရကြစေရန်ကျွန်တော်မျိုးတို့၏ဆုတောင်းပတ္ထနာကိုနားညောင်းတော်မူပါ။
6 သန့်ရှင်းရာဌာနတော်မှထာဝရဘုရား က``ငါသည် အောင်ပွဲခံ၍ရှေခင်မြို့ကိုပိုင်းခြားမည်။သုကုတ်ချိုင့်ဝှမ်းကိုငါ၏လူစုတော်အား ခွဲဝေပေးမည်။
7 ဂိလဒ်ပြည်ကိုငါပိုင်၏။ မနာရှေပြည်ကိုလည်း ငါပိုင်၏။ဧဖရိမ်ပြည်သည်ငါ၏မကိုဋ်ဖြစ်၍ ယုဒပြည်ကားငါ၏ရာဇလှံတံဖြစ်၏။
8 သို့ရာတွင်ငါသည်မောဘပြည်ကိုငါ၏ ခြေဆေးခွက်အဖြစ်ဖြင့်လည်းကောင်း၊ဧဒုံပြည်ကိုငါ၏ဖိနပ်ချွတ်အဖြစ်ဖြင့် လည်းကောင်း အသုံးပြုမည်။ဖိလိတ္တိပြည်သည်ငါ့ကိုအနိုင်ရ၍အောင်သံ ဖြင့်ကြွေးကြော်နိုင်မည်ဟုထင်မှတ်သလော'' ဟု မိန့်တော်မူ၏။
9 အို ဘုရားသခင်၊ခိုင်ခံ့လုံခြုံသည့်မြို့တွင်းသို့အဘယ်သူသည် ကျွန်တော်မျိုးအားခေါ်ဆောင်သွားပါမည် နည်း။အဘယ်သူသည်ကျွန်တော်မျိုးအားဧဒုံပြည် သို့ ပို့ဆောင်ပါမည်နည်း။
10 ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးတို့အား အကယ်ပင် စွန့်ပစ်တော်မူပါပြီလော။ကျွန်တော်မျိုးတို့၏စစ်တပ်များနှင့်အတူ ချီတက်တော်မမူဘဲနေပါမည်လော။