ဆာ​လံ 72:10-16 BCL

10 စ​ပိန်​ပြည်​နှင့်​ကျွန်း​များ​မှ​ရှင်​ဘု​ရင်​တို့​သည် အ​ခွန်​ဆက်​သ​ကြ​ပါ​လိမ့်​မည်။အာ​ရေ​ဗျ​ပြည်​နှင့်​အဲ​သ​ရော​ပိ​ပြည်​မှရှင်​ဘု​ရင်​များ​သည်​လက်​ဆောင်​ပဏ္ဏာ​များ​ကို ယူ​ဆောင်​လာ​ကြ​ပါ​လိမ့်​မည်။

11 ဘု​ရင်​အ​ပေါင်း​တို့​သည်​မင်း​ကြီး​၏​ရှေ့​တော်​တွင် ပျပ်​ဝပ်​ကြ​ပါ​လိမ့်​မည်။လူ​မျိုး​တ​ကာ​တို့​သည်​လည်း​မင်း​ကြီး​၏ အ​စေ​ကို ခံ​ကြ​ပါ​လိမ့်​မည်။

12 မင်း​ကြီး​သည်​မိ​မိ​အား​ဟစ်​ခေါ်​ကြ​သည့် ဆင်း​ရဲ​သူ​တို့​အား​လည်း​ကောင်း၊ချို့​တဲ့​နွမ်း​ပါး​၍​ခို​ကိုး​ရာ​မဲ့​သူ​တို့ အား​လည်း​ကောင်း​ကယ်​ဆယ်​တော်​မူ​၏။

13 ချို့​တဲ့​ဆင်း​ရဲ​သူ​တို့​ကို​သ​နား​တော်​မူ​၍ သူ​တို့​၏ အ​သက်​ကို​ကယ်​တော်​မူ​၏။

14 သူ​တို့​၏​အ​သက်​သည်​မင်း​ကြီး​၏​ရှေ့​တော်​တွင် အ​ဖိုး​ထိုက်​သည်​အ​လျောက်​ဖိ​စီး​နှိပ်​စက်​မှု​နှင့်အ​ကြမ်း​ဖက်​မှု​များ​မှ​သူ​တို့​ကို​ကယ်​ဆယ် တော်​မူ​၏။

15 မင်း​ကြီး​သည်​သက်​တော်​ရှည်​ပါ​စေ​သော။အာ​ရေ​ဗျ​ပြည်​မှ​ရွှေ​များ​ကို​လက်​ဆောင်​ပဏ္ဏာ အ​ဖြစ်​ရ​ရှိ​ပါ​စေ​သော။လူ​တို့​သည်​မင်း​ကြီး​၏​အ​တွက်​အ​စဉ်​ဆု​တောင်း ပတ္ထ​နာ​များ​ပြု​ကြ​ပါ​စေ​သော။ဘု​ရား​သ​ခင်​သည်​မင်း​ကြီး​အား​အ​စဉ်​အ​မြဲ ကောင်း​ချီး​ပေး​တော်​မူ​ပါ​စေ​သော။

16 တိုင်း​ပြည်​အ​တွင်း​၌​စား​နပ်​ရိက္ခာ​ပေါ​များ​ပါ စေ​သော။လေ​ဗ​နုန်​တောင်​တွင်​သစ်​တော​များ​ဖြင့် ဖုံး​အုပ်​လျက်​ရှိ​သ​ကဲ့​သို့တောင်​ကုန်း​များ​သည်​ကောက်​ပဲ​သီး​နှံ​များ ဖြင့် ဖုံး​အုပ်​လျက်​ရှိ​ပါ​စေ​သော။မြို့​ကြီး​များ​ရှိ​လူ​ဦး​ရေ​သည်​ကွင်း​ပြင်​ရှိ မြက်​ကဲ့​သို့​ထူ​ထပ်​ပေါ​များ​ပါ​စေ​သော။