6 တရားစီရင်သောသူသည်အရှေ့အရပ်သို့မဟုတ် အနောက်အရပ်မှသော်လည်းကောင်း၊တောင်အရပ်သို့မဟုတ်မြောက်အရပ်မှ သော်လည်းကောင်းပေါ်ထွက်လာသည်မဟုတ်။
7 တရားစီရင်တော်မူသောအရှင်ကားဘုရားသခင်ပင်ဖြစ်ပေသည်။ကိုယ်တော်သည်အချို့သောသူတို့ကိုအပြစ်ဒဏ် စီရင်တော်မူလျက်အချို့တို့ကိုလွတ်ငြိမ်းချမ်းသာစေတော်မူ၏။
8 ထာဝရဘုရားသည်အမျက်တော်တည်းဟူသော အလွန်ပြင်းသည့်စပျစ်ရည်ထည့်ထားသောခွက်ဖလားကိုလက်တော်တွင်ကိုင်ထားတော်မူ၏။ထိုစပျစ်ရည်ကိုကိုယ်တော်လောင်းချ တော်မူသောအခါသူယုတ်မာအပေါင်းတို့သည်သောက်ကြကုန်၏။သူတို့သည်တစ်စက်မျှမကျန်အောင်သောက် ကြကုန်၏။
9 သို့ရာတွင်ငါမူကားယာကုပ်၏ဘုရားအကြောင်းတော်ကိုအစဉ်မပြတ် ပြောကြားပါမည်။ကိုယ်တော်အားထောမနာသီချင်းဆိုမည်။
10 ကိုယ်တော်သည်သူယုတ်မာတို့၏တန်ခိုး အာဏာကို ချိုးနှိမ်တော်မူမည်။သူတော်ကောင်းတို့၏တန်ခိုးအာဏာကိုမူကား တိုးတက်စေတော်မူလိမ့်မည်။