ဆာ​လံ 77:16-20 BCL

16 အို ဘု​ရား​သ​ခင်၊ရေ​တို့​သည်​ကိုယ်​တော်​ရှင်​ကို​မြင်​သော​အ​ခါ ကြောက်​ရွံ့​ကြ​ပါ​၏။ပင်​လယ်​ရေ​နက်​ရာ​အ​ရပ်​တို့​သည်​လည်း တုန်​လှုပ်​ကြ​ပါ​၏။

17 မိုး​တိမ်​တို့​သည်​မိုး​ကို​ရွာ​သွန်း​ပေး​ပါ​၏။ ကောင်း​ကင်​ပြင်​တွင်​မိုး​ကြိုး​ပစ်​လျက်အ​ရပ်​လေး​မျက်​နှာ​တွင်​လျှပ်​စစ်​များ​လက်​ပါ​၏။

18 ကိုယ်​တော်​ရှင်​၏​မိုး​ကြိုး​သံ​သည်​မြည်​ဟည်း ထွက်​ပေါ်​လာ​လျက်လျှပ်​ပန်း​လျှပ်​နွယ်​တို့​သည်​လည်း​ကမ္ဘာ တစ်​ဝန်း​လုံး​ကို​လင်း​စေ​ပါ​၏။မြေ​ကြီး​သည်​ထိတ်​လန့်​တုန်​လှုပ်​ပါ​၏။

19 ကိုယ်​တော်​ရှင်​သည်​ပင်​လယ်​ပြင်​တွင်လျှောက်​သွား​တော်​မူ​၍​နက်​ရှိုင်း​သော သ​မုဒ္ဒ​ရာ​ကို ဖြတ်​ကျော်​တော်​မူ​ပါ​၏။သို့​ရာ​တွင်​ကိုယ်​တော်​ရှင်​၏​ခြေ​တော်​ရာ​များ ကို​မူ မ​တွေ့​မ​မြင်​နိုင်​ပါ။

20 ကိုယ်​တော်​ရှင်​သည်​မော​ရှေ​နှင့်​အာ​ရုန်​တို့​၏ ကွပ်​ကဲ​မှု​ဖြင့်မိ​မိ​၏​လူ​စု​တော်​အား​သိုး​ထိန်း​သ​ဖွယ် ပို့​ဆောင်​တော်​မူ​ပါ​၏။