ဆာ​လံ 78:26-32 BCL

26 ထို့​အ​ပြင်​ကိုယ်​တော်​သည်အ​ရှေ့​လေ​ကို​တိုက်​စေ​ပြီး​နောက်​တန်​ခိုး​တော်​အား​ဖြင့် တောင်​လေ​ကို​လှုပ်​ရှား​စေ​တော်​မူ​၏။

27 ထို​နောက်​ပင်​လယ်​ကမ်း​ခြေ​သဲ​လုံး​နှင့်​အ​မျှ များ​ပြား​သော​ငှက်​တို့​ကိုမိ​မိ​၏​လူ​စု​တော်​အား​ချ​ပေး​တော်​မူ​၏။

28 ယင်း​ငှက်​တို့​သည်​တပ်​စ​ခန်း​အ​လယ်​တဲ​ရှင်​များ ပတ်​လည်​တွင်​ကျ​ကြ​၏။

29 သို့​ဖြစ်​၍​လူ​တို့​သည်​ကျေ​နပ်​အောင်​စား​ရ​ကြ​၏။ဘု​ရား​သ​ခင်​သည်​လည်း​သူ​တို့​စား​လို​သော အ​စား​အ​စာ​ကို​ကျွေး​တော်​မူ​၏။

30 သို့​ရာ​တွင်​သူ​တို့​သည်​ရောင့်​ရဲ​မှု​မ​ရ​နိုင်။

31 ဘု​ရား​သ​ခင်​သည်​သူ​တို့​အားအ​မျက်​ထွက်​တော်​မူ​သ​ဖြင့်​အ​သန်​စွမ်း​ဆုံးလက်​ရွေး​စင်​ဣ​သ​ရေ​လ​လူ​ငယ်​လူ​ရွယ် များ​ကို သေ​ဒဏ်​သင့်​စေ​တော်​မူ​၏။

32 ဤ​အ​ဖြစ်​အ​ပျက်​အ​ပေါင်း​နှင့်​တွေ့​ကြုံ​ရ​သော်​လည်း လူ​တို့​သည်​အ​ပြစ်​ကူး​မြဲ​ကူး​လျက်​နေ​ကြ​၏။ကိုယ်​တော်​သည်​ထူး​ဆန်း​သောနိ​မိတ်​လက္ခ​ဏာ​များ​ကို​ပြ​တော်​မူ​သော်​လည်း သူ​တို့​သည်​ကိုယ်​တော်​ကို​မ​ကိုး​စား​ကြ။