ဆာ​လံ 8:3-9 BCL

3 ကိုယ်​တော်​ရှင်​ဖန်​ဆင်း​တော်​မူ​သော မိုး​ကောင်း​ကင်​ကို​လည်း​ကောင်း၊စီ​မံ​ထား​ရှိ​တော်​မူ​သောလ​နှင့်​ကြယ်​တာ​ရာ​များ​ကို​လည်း​ကောင်း ကျွန်​တော်​မျိုး​တွေ့​မြင်​ရ​ပါ​၏။

4 သို့​ဖြစ်​၍​လူ​သည်​အ​ဘယ်​သို့​သော​သူ​ဖြစ်​၍ကိုယ်​တော်​ရှင်​သည်​သူ့​အား အောက်​မေ့​တော်​မူ​ရ​ပါ​သ​နည်း။လူ​သား​သည်​အ​ဘယ်​သို့​သော​သူ​ဖြစ်​၍ကိုယ်​တော်​သည်​သူ့​ကို​ကြည့်​ရှု​စောင့်​ရှောက် တော်​မူ​ရ​ပါ​သ​နည်း။

5 သူ့​အား​ကောင်း​ကင်​တ​မန်​တို့​ထက်​သာ နိမ့်​ကျ​စေ​တော်​မူ​လျက်သူ့​အား​ဘုန်း​အ​သ​ရေ​ကို​လည်း​ကောင်း၊ဂုဏ်​အ​သ​ရေ​ကို​လည်း​ကောင်း​ချီး​မြှင့်​တော် မူ​၏။

6 သူ့​အား​ကိုယ်​တော်​ဖန်​ဆင်း​တော်​မူ​သော​အ​ရာ ရှိ​သ​မျှ​တို့​ကို​အုပ်​စိုး​ခွင့်​ပေး​တော်​မူ​၏။

7-8 ကိုယ်​တော်​ဖန်​ဆင်း​တော်​မူ​သော​သိုး၊နွား၊ တော​တိရစ္ဆာန်၊ငှက်၊ငါး​နှင့်ပင်​လယ်​ရေ​သတ္တ​ဝါ​တို့​ကို​အုပ်​စိုး​ခွင့်​ပေး​တော် မူ​၏။

9 အို ကျွန်​တော်​မျိုး​တို့​၏​ဘု​ရား​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ကိုယ်​တော်​ကြီး​မြတ်​တော်​မူ​ပုံ​ကို​ကမ္ဘာ​မြေ တစ်​ပြင်​လုံး​တွင်​တွေ့​မြင်​ရ​ကြ​ပါ​၏။