3 သူတို့သည်ကိုယ်တော်ရှင်၏လူစုတော်အား တိုက်ခိုက်ရန်လျှို့ဝှက်ကြံစည်လျက်နေကြ ပါ၏။ကိုယ်တော်ရှင်ကွယ်ကာထားတော်မူသောသူတို့အားဆန့်ကျင်ရန်တိုင်ပင်လျက်နေ ကြပါ၏။
4 သူတို့က``လာကြ၊ဣသရေလမျိုးရိုးသည်ထာဝစဉ်တိမ်ကော၍သွားစေရန်သူတို့ လူမျိုးကို သုတ်သင်ချေမှုန်းကြကုန်အံ့'' ဟုဆိုကြ၏။
5 သူတို့သည်တညီတညွတ်တည်း တိုင်ပင်ကြံစည်ကြပြီးနောက်ကိုယ်တော်ရှင်အားဆန့်ကျင်ဘက်ပြု၍ မဟာမိတ်အဖွဲ့ကိုဖွဲ့စည်းလိုက်ကြပါ၏။
6 ထိုမဟာမိတ်အဖွဲ့တွင်ဧဒုံ၊ဣရှမေလ၊ မောဘ၊ ဟာဂရအမျိုးသားများ၊
7 ဂေဗလ၊အမ္မုန်၊အာမလက်၊ဖိလိတ္တိအမျိုးသား များနှင့် တုရုမြို့သားများပါဝင်ကြ၏။
8 အာရှုရိအမျိုးသားများသည်လည်းလောတ၏သားမြေးများဖြစ်သောအမ္မုန်နှင့်မောဘဘက်မှ မဟာမိတ်အဖြစ်ဖြင့်ပါဝင်ကြပါ၏။
9-10 အင်္ဒေါရအရပ်တွင်မိဒျန်အမျိုးသား တို့သည်လည်းကောင်း၊ခိရှုန်မြစ်အနီး၌သိရမင်းနှင့်ယာဘိန်မင်း တို့သည်လည်းကောင်းစစ်ပွဲရှုံးသဖြင့်သူတို့၏အလောင်းများသည်စစ်တလင်း ပေါ်၌ ပုပ်ပျက်သွားစေသကဲ့သို့ဤမဟာမိတ်အဖွဲ့အားလည်းအလား တူ ကံကြမ္မာနှင့်တွေ့ကြုံစေတော်မူပါ။