7 ထိုသူတို့သည်ခရီးပြုရင်းခွန်အားတိုး၍ လာကြပါ၏။ဇိအုန်တောင်တော်ပေါ်တွင်ဘုရားတကာ တို့၏ ဘုရားကိုဖူးမြင်ရကြပါလိမ့်မည်။
8 အနန္တတန်ခိုးရှင်ဘုရားသခင်ထာဝရ ဘုရား၊ကျွန်တော်မျိုး၏ဆုတောင်းပတ္ထနာကို နားညောင်းတော်မူပါ။အို ယာကုပ်၏ဘုရားသခင်၊ နားထောင်တော်မူပါ။
9 အို ဘုရားသခင်၊ကိုယ်တော်ရှင်ရွေးချယ်ထားတော်မူသောဘုရင်တည်းဟူသောကျွန်တော်မျိုးတို့ ၏ဘုရင်ကို ကောင်းချီးပေးတော်မူပါ။
10 ကိုယ်တော်ရှင်၏ဗိမာန်တော်တွင်တစ်ရက်မျှ နေရခြင်းသည်အခြားသောအရပ်တွင်ရက်ပေါင်းတစ်ထောင် နေရခြင်းထက်သာ၍မြတ်ပါ၏။ဘုရားသခင်၏အိမ်တော်တံခါးစောင့်ဖြစ်ရ ခြင်းသည်သူယုတ်မာတို့၏အိမ်တွင်နေရခြင်းထက် သာ၍မြတ်ပါ၏။
11 ထာဝရဘုရားသည်ငါတို့အားကွယ်ကာတော်မူသောအရှင်၊ဘုန်းကြီးတော် မူသော ဘုရင်ဖြစ်တော်မူ၏။ကိုယ်တော်သည်ငါတို့အားသနားကြင်နာ၍ ချီးမြှင့်တော်မူ၏။ကိုယ်တော်သည်မှန်ရာကိုပြုကျင့်သူတို့အားကောင်းမြတ်သည့်အရာများကိုပေးရန်ငြင်း တော်မမူ။
12 အနန္တတန်ခိုးရှင်ဘုရားသခင်၊ကိုယ်တော်ရှင်ကိုကိုးစားသူတို့သည် အလွန်မင်္ဂလာရှိပါသည်တကား။