ဆာ​လံ 85:5-11 BCL

5 ကိုယ်​တော်​ရှင်​သည်​အ​စဉ်​အ​မြဲ​အ​မျက်​ထွက်​၍ နေ​တော်​မူ​ပါ​မည်​လော။အ​မျက်​တော်​သည်​အ​ဘယ်​အ​ခါ​၌​မျှ ပြေ​တော်​မ​မူ​တော့​ပြီ​လော။

6 ကျွန်​တော်​မျိုး​တို့​ကို​အား​သစ်​လောင်း​တော် မူ​ပါ။သို့​ပြု​တော်​မူ​ပါ​လျှင်​ကိုယ်​တော်​ရှင်​၏လူ​စု​တော်​ဖြစ်​သော​ကျွန်​တော်​မျိုး​တို့​သည် ကိုယ်​တော်​ရှင်​အား​ထော​မ​နာ​ပြု​ကြ​ပါ​မည်။

7 အို ထာ​ဝ​ရ​ဘု​ရား၊ကိုယ်​တော်​ရှင်​၏​ခိုင်​မြဲ​သော​မေတ္တာ​တော်​ကိုပြ​တော်​မူ​၍​ကျွန်​တော်​မျိုး​တို့​အား ကယ်​တင်​တော်​မူ​ပါ။

8 ငါ​သည်​ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်မိန့်​တော်​မူ​သည်​ကို​နား​ထောင်​လျက်​နေ​၏။ငါ​တို့​သည်​မိုက်​မဲ​သော​လမ်း​စဉ်​ကို​စွန့်​ပစ်​ပါ​လျှင် ကိုယ်​တော်​သည်​မိ​မိ​၏​လူ​စု​တော်​တည်း​ဟူ​သောငါ​တို့​အား​ငြိမ်း​ချမ်း​သာ​ယာ​မှု​ကို​ပေး​တော် မူ​မည်​ဟု က​တိ​ပြု​တော်​မူ​ပါ​၏။

9 ကိုယ်​တော်​သည်​မိ​မိ​အား​ကြောက်​ရွံ့​ရို​သေ​သောသူ​တို့​ကို​ကယ်​တော်​မူ​ရန်​အ​မှန်​ပင် အ​သင့်​ရှိ​တော်​မူ​၏။ကိုယ်​တော်​၏​ဘုန်း​အ​သ​ရေ​တော်​သည်​လည်း ငါ​တို့​ပြည်​တွင်​ကျိန်း​ဝပ်​လျက်​နေ​လိမ့်​မည်။

10 မေတ္တာ​နှင့်​သစ္စာ​သည်​ဆုံ​မိ​ကြ​လိမ့်​မည်။တ​ရား​မျှ​တ​မှု​နှင့်​ငြိမ်း​ချမ်း​သာ​ယာ​မှု​သည် ဖက်​ယမ်း​ကြ​လိမ့်​မည်။

11 လူ​တို့​သစ္စာ​စောင့်​မှု​သည်​ကမ္ဘာ​လော​က​မှ ပေါ်​ထွက်​လာ​၍ဘု​ရား​သ​ခင်​၏​တ​ရား​မျှ​တ​မှု​သည် ကောင်း​ကင်​ဘုံ​မှ​ငုံ့​ကြည့်​လိမ့်​မည်။