9 ကိုယ်တော်ရှင်ဖန်ဆင်းတော်မူသောလူမျိုးအပေါင်းတို့သည်လာ၍ရှေ့တော်တွင် ဦးညွှတ်ပျပ်ဝပ်ကြပါလိမ့်မည်။ကိုယ်တော်ရှင်ကြီးမြတ်တော်မူပုံကို ထောမနာပြုကြပါလိမ့်မည်။
10 ကိုယ်တော်သည်တန်ခိုးကြီးတော်မူ၍ အံ့သြဖွယ်အမှုတို့ကိုပြုတော်မူပါ၏။ကိုယ်တော်သာလျှင်ဘုရားဖြစ်တော်မူပါ၏။
11 အို ထာဝရဘုရား၊ကျွန်တော်မျိုးအားကိုယ်တော်ရှင်ပြုစေ တော်မူ လိုသည့်အတိုင်းညွှန်ကြားတော်မူပါ။ကျွန်တော်မျိုးသည်သစ္စာနှင့်လိုက်နာဆောင် ရွက်ပါမည်။ကိုယ်တော်ရှင်အမှုတော်ကိုမမှိတ်မသုန် ဆောင်ရွက်နိုင်ရန်သွန်သင်တော်မူပါ။
12 အို ဘုရားရှင်၊ကျွန်တော်မျိုး၏ဘုရား၊ကိုယ်တော်ရှင်အားကျွန်တော်မျိုးသည် စိတ်နှလုံးအကြွင်းမဲ့ထောမနာပြုပါမည်။ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်၏ကြီးမြတ် ပုံကို အစဉ်အမြဲထုတ်ဖော်ကြေညာပါမည်။
13 ကျွန်တော်မျိုးအပေါ်၌ကိုယ်တော်ရှင်ထားတော်မူသောခိုင်မြဲသောမေတ္တာတော်သည် ကြီးမားလှပါသည်တကား။ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအားမရဏာ နိုင်ငံမှ ကယ်နုတ်တော်မူပါပြီ။
14 အို ဘုရားသခင်၊မာန်မာနကြီးသူတို့သည်ကျွန်တော်မျိုးအား တိုက်ခိုက်လျက်နေကြပါ၏။ရက်စက်ကြမ်းကြုတ်သူလူတစ်စုသည် ကျွန်တော်မျိုးကို သတ်ရန်ကြိုးစားလျက်နေကြပါ၏။သူတို့သည်ကိုယ်တော်ရှင်အားပမာဏမပြုကြပါ။
15 အို ဘုရားရှင်၊ကိုယ်တော်ရှင်သည်ချစ်ခင်ကြင်နာတတ်သောဘုရား ဖြစ်တော်မူပါ၏။ကိုယ်တော်ရှင်သည်အစဉ်အမြဲစိတ်ရှည် သည်းခံတော်မူပါ၏။အစဉ်သနားလျက်သစ္စာရှိတော်မူပါ၏။