14 ကျွန်တော်မျိုးတို့သည်တစ်သက်လုံးသီချင်းဆိုလျက် ဝမ်းမြောက်နိုင်ကြစေရန်နံနက်တိုင်းကျွန်တော်မျိုးတို့အားကိုယ်တော်၏ ခိုင်မြဲသောမေတ္တာတော်ကိုခံစားစေတော်မူပါ။
15 ဒုက္ခရောက်စဉ်အခါကကိုယ်တော်သည်ကျွန်တော်မျိုးတို့အားခံစေသောစိတ်ဆင်းရဲမှု ပမာဏအတိုင်းယခုအခါ၌ကျွန်တော်မျိုးတို့အားဝမ်းမြောက် ရွှင်လန်းမှုကိုခံစားစေတော်မူပါ။
16 ကိုယ်တော်ရှင်၏အစေခံဖြစ်သောကျွန်တော်မျိုးတို့အားကိုယ်တော်ပြုတော်မူသောအံ့သြဖွယ်ရာအမှုတော်တို့ကိုတွေ့မြင်ခွင့် ပေးတော်မူပါ။ကျွန်တော်မျိုးတို့၏သားမြေးများအားကိုယ်တော်ရှင်၏ဘုန်းအသရေနှင့်တန်ခိုး အာနုဘော်တော်ကိုတွေ့မြင်ခွင့်ပေးတော်မူပါ။
17 ကျွန်တော်မျိုးတို့၏ဘုရားဖြစ်တော်မူသော ထာဝရဘုရား၊ကျွန်တော်မျိုးတို့သည်ကိုယ်တော်ရှင်၏ကောင်းချီး မင်္ဂလာကိုခံစားကြရပါစေသော။ပြုလေသမျှသောအမှုတို့တွင်လည်း ကျွန်တော်မျိုးတို့အားအောင်မြင်ခွင့်ပေးတော်မူပါ။