17 အကယ်၍ထာဝရဘုရားသာလျှင်ငါ့အား ကူမတော်မမူခဲ့သော်ငါသည်ဆိတ်ညံရာအရပ်သို့အလျင်အမြန် ရောက်ရမည်သာဖြစ်ပေသည်။
18 အို ထာဝရဘုရား၊ကျွန်တော်မျိုးသည်ခြေချော်၍လဲပြီဟု ထင်ရသောအခါကိုယ်တော်ရှင်၏ခိုင်မြဲသောမေတ္တာတော်သည် ကျွန်တော်မျိုးအားချီပင့်ထားတော်မူပါ၏။
19 ကျွန်တော်မျိုးသည်စိုးရိမ်ပူပန်လျက် သောကရောက်သောအခါကိုယ်တော်ရှင် သည်ကျွန်တော်မျိုးအားစိတ်သက်သာခွင့်ကိုပေး၍ ဝမ်းမြောက်စေတော်မူပါ၏။
20 ကိုယ်တော်ရှင်သည်မတရားသောအမှုကို တရားဝင်ဖြစ်အောင်ပြုလုပ်တတ်သည့်အဂတိလိုက်စားသူတရားသူကြီးများနှင့် မည်သို့မျှမသက်ဆိုင်ပါ။
21 သူတို့သည်သူတော်ကောင်းတို့ကိုသေကြောင်း ကြံစည်ကြပါ၏။အပြစ်မဲ့သူတို့ကိုသေဒဏ်စီရင်ကြပါ၏။
22 သို့ရာတွင်ထာဝရဘုရားသည်ငါ့ကို ကွယ်ကာတော်မူ၏။ငါ၏ဘုရားသခင်သည်ငါခိုလှုံရာဖြစ် တော်မူ၏။
23 ကိုယ်တော်သည်ထိုသူတို့၏ယုတ်မာမှုများ အတွက် အပြစ်ဒဏ်ပေးတော်မူလိမ့်မည်။သူတို့၏အပြစ်များအတွက်သူတို့အား သုတ်သင်ဖျက်ဆီးတော်မူလိမ့်မည်။ငါတို့၏ဘုရားသခင်ထာဝရဘုရားသည် သူတို့အားသုတ်သင်ဖျက်ဆီးတော်မူလိမ့်မည်။