ဆာ​လံ 94:3-9 BCL

3 သူ​ယုတ်​မာ​တို့​သည်​အ​ဘယ်​မျှ​ကြာ​အောင် ဝမ်း​မြောက်​ကြ​ပါ​ဦး​မည်​နည်း။အို ထာ​ဝ​ရ​ဘု​ရား၊ အ​ဘယ်​မျှ​ကြာ​ပါ​ဦး​မည်​နည်း။

4 ပြစ်​မှု​ကူး​လွန်​သူ​တို့​သည်​အ​ဘယ်​မျှ​ကြာ​အောင် မာန်​မာ​န​ထောင်​လွှား​၍မိ​မိ​တို့​၏​ပြစ်​မှု​များ​အ​ကြောင်း​ကို​ကြွား​ဝါ​လျက် နေ​ကြ​ပါ​ဦး​မည်​နည်း။

5 အို ထာ​ဝ​ရ​ဘု​ရား၊သူ​တို့​သည်​ကိုယ်​တော်​ရှင်​၏​လူ​စု​တော်​ကို နှိပ်​ကွပ်​ကြ​ပါ​၏။ကိုယ်​တော်​ပိုင်​တော်​မူ​သော​လူ​တို့​အား ဖိ​စီး​နှိပ်​စက်​ကြ​ပါ​၏။

6 သူ​တို့​သည်​မု​ဆိုး​မ​များ​နှင့်​မိ​ဘ​မဲ့ သူ​တို့​အား သတ်​ဖြတ်​ကြ​ပါ​၏။ကျွန်​တော်​မျိုး​တို့​ပြည်​တွင်​နေ​ထိုင်​ကြ​သော ဧည့်​သည်​တို့​ကို​သတ်​ကြ​ပါ​၏။

7 သူ​တို့​က``ထာ​ဝ​ရ​ဘု​ရား​သည်​ငါ​တို့​ကို မြင်​တော်​မ​မူ။ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် သည် ရှု​မြင်​တော်​မ​မူ'' ဟု​ဆို​ကြ​၏။

8 ငါ​၏​လူ​စု​တော်​တို့၊သင်​တို့​သည်​အ​ဘယ် သို့​လျှင်ဤ​မျှ​အ​သိ​ဉာဏ်​တုံး​လျက်​မိုက်​မဲ​၍ နေ​နိုင်​ကြ​ပါ​သ​နည်း။အ​ဘယ်​အ​ခါ​ကျ​မှ​တတ်​သိ​လိမ္မာ​၍ လာ​ကြ​ပါ​မည်​နည်း။

9 ငါ​တို့​၏​နား​များ​ကို​ဖန်​ဆင်း​တော်​မူ​သော အ​ရှင်​သည် မြင်​တော်​မူ​နိုင်​သည်​မ​ဟုတ်​လော။