8 ငါ၏လူစုတော်တို့၊သင်တို့သည်အဘယ် သို့လျှင်ဤမျှအသိဉာဏ်တုံးလျက်မိုက်မဲ၍ နေနိုင်ကြပါသနည်း။အဘယ်အခါကျမှတတ်သိလိမ္မာ၍ လာကြပါမည်နည်း။
9 ငါတို့၏နားများကိုဖန်ဆင်းတော်မူသော အရှင်သည် မြင်တော်မူနိုင်သည်မဟုတ်လော။
10 လူမျိုးတကာတို့ကိုဆုံးမသောအရှင်သည်သူတို့အားအပြစ်ပေးတော်မူမည်မဟုတ် ပါလော။လူအပေါင်းတို့ကိုအသိပညာသွန်သင်သောအရှင်သည်အသိပညာရှိတော်မူသည် မဟုတ်ပါလော။
11 ထိုသူတို့၏အကြံအစည်များကို ထာဝရဘုရားသိတော်မူ၏။သူတို့စဉ်းစားဆင်ခြင်မှုများသည် အချည်းနှီးဖြစ်ကြောင်းကိုယ်တော်သိတော် မူ၏။
12 အို ထာဝရဘုရား၊ကိုယ်တော်၏ဆုံးမသွန်သင်မှုကိုခံရသော သူ၊တရားတော်နှင့်ဆိုင်၍ကိုယ်တော်၏သွန်သင် မှုကို ခံရသောသူသည်မင်္ဂလာရှိပါ၏။
13 ထိုသူအားသူယုတ်မာတို့ကျစေရန် တွင်းတူး၍မပြီးစီးမီဆိုးရွားသည့်အချိန်ကာလမှ လွတ်ငြိမ်းခွင့်ကိုကိုယ်တော်ပေးတော်မူပါ၏။
14 ထာဝရဘုရားသည်မိမိ၏လူစုတော်အား ပစ်ထားတော်မူလိမ့်မည်မဟုတ်။ကိုယ်တော်ပိုင်တော်မူသောလူတို့ကို စွန့်ပယ်တော်မူလိမ့်မည်မဟုတ်။