ဆာ​လံ 96:1-4 BCL

1 သီ​ချင်း​သစ်​ကို​ဆို​၍​ထာ​ဝ​ရ​ဘု​ရား​၏ ဂုဏ်​တော်​ကို​ချီး​ကူး​ကြ​လော့။ကမ္ဘာ​သူ​ကမ္ဘာ​သား​အ​ပေါင်း​တို့၊သီ​ချင်း​ဆို​၍ ထာ​ဝ​ရ​ဘု​ရား​၏​ဂုဏ်​တော်​ကို​ချီး​မွမ်း ကြ​လော့။

2 သီ​ချင်း​ဆို​၍​ထာ​ဝ​ရ​ဘု​ရား​၏​ဂုဏ်​တော်​ကို ချီး​မွမ်း​ကြ​လော့။ကိုယ်​တော်​အား​ထော​မ​နာ​ပြု​ကြ​လော့။ကိုယ်​တော်​သည်​ငါ​တို့​အားကယ်​တော်​မူ​ကြောင်း​သ​တင်း​ကောင်း​ကို နေ့​စဉ်​နေ့​တိုင်း​ပြော​ကြား​ကြ​လော့။

3 လူ​မျိုး​တ​ကာ​တို့​အား​ကိုယ်​တော်​၏ ဘုန်း​အ​သ​ရေ​တော်​ကို​လည်း​ကောင်း၊လူ​အ​ပေါင်း​တို့​အား​ကိုယ်​တော်​၏အံ့​သြ​ဖွယ်​ကောင်း​သော​အ​မှု​တော်​တို့​ကို လည်း​ကောင်း ထုတ်​ဖော်​ကြေ​ညာ​ကြ​လော့။

4 ထာ​ဝ​ရ​ဘု​ရား​သည်​ကြီး​မြတ်​တော်​မူ​သည် ဖြစ်​၍ အ​လွန်​ပင်​ထော​မ​နာ​ပြု​ခြင်း​ကို​ခံ​ထိုက်​တော် မူ​၏။ကိုယ်​တော်​သည်​ဘု​ရား​တ​ကာ​တို့​ထက် ကြောက်​ရွံ့​ရို​သေ​ခြင်း​ကို​ခံ​ထိုက်​တော်​မူ​၏။