4 ထာဝရဘုရားသည်ကြီးမြတ်တော်မူသည် ဖြစ်၍ အလွန်ပင်ထောမနာပြုခြင်းကိုခံထိုက်တော် မူ၏။ကိုယ်တော်သည်ဘုရားတကာတို့ထက် ကြောက်ရွံ့ရိုသေခြင်းကိုခံထိုက်တော်မူ၏။
5 အခြားလူမျိုးအပေါင်းတို့၏ဘုရားများသည် ရုပ်တုများသာဖြစ်ကြ၏။ထာဝရဘုရားမူကားမိုးကောင်းကင်ကို ဖန်ဆင်းတော်မူ၏။
6 ဘုန်းတော်နှင့်ဂုဏ်တော်သည်ကိုယ်တော်ကို ခြံရံလျက်ရှိ၏။တန်ခိုးတော်နှင့်ဂုဏ်ကြက်သရေတော်သည် ဗိမာန်တော်၌တည်လျက်ရှိ၏။
7 ကမ္ဘာမြေပေါ်ရှိလူအပေါင်းတို့၊ထာဝရ ဘုရားကို ထောမနာပြုကြလော့။ကိုယ်တော်၏ဘုန်းအသရေတော်နှင့်တန်ခိုး အာနုဘော်တော်ကိုထောမနာပြုကြလော့။
8 ထာဝရဘုရား၏ဘုန်းကြီးသောနာမတော်ကို ထောမနာပြုကြလော့။ပူဇော်သကာကိုယူဆောင်၍ကိုယ်တော်၏ ဗိမာန်တော်ထဲသို့ဝင်ကြလော့။
9 သန့်ရှင်းမြင့်မြတ်တော်မူသောအရှင်ကြွလာ တော်မူသောအခါဦးညွှတ်ပျပ်ဝပ်ကြလော့။ကမ္ဘာမြေကြီးသားအပေါင်းတို့၊ကိုယ်တော်၏ ရှေ့တော်၌ကြောက်လန့်တုန်လှုပ်ကြလော့။
10 ``ထာဝရဘုရားသည်ရှင်ဘုရင်ဖြစ်တော်မူ၏။ကိုယ်တော်သည်ကမ္ဘာမြေကြီးကိုခိုင်မြဲစွာ တည်စေတော်မူသည်ဖြစ်၍လှုပ်ရှား၍မရ နိုင်ရာ။ကိုယ်တော်သည်လူအပေါင်းတို့ကိုဖြောင့်မှန်စွာ တရားစီရင်တော်မူလိမ့်မည်'' ဟူ၍လူမျိုးတကာတို့အားပြောကြားကြလော့။