2 သူယုတ်မာတို့သည်မာနထောင်လွှားလျက် ဆင်းရဲသူတို့အားနှိပ်စက်ညှဉ်းပန်းကြ၏။မိမိတို့ထောင်ထားသောကျော့ကွင်းများတွင် ပြန်၍မိစေတော်မူပါ။
3 သူယုတ်မာသည်မိမိ၏ဆိုးညစ်သောအလိုဆန္ဒများအကြောင်းကိုကြွားဝါတတ်၏။လောဘကြီးသူသည်ထာဝရဘုရားကို ကျိန်ဆဲပစ်ပယ်တတ်၏။
4 သူယုတ်မာသည်ထာဝရဘုရားကိုဂရုမစိုက်တတ်။သူသည်မာနထောင်လွှားလျက်ဘုရားသခင်မရှိဟု အစဉ်ယူဆတတ်၏။
5 သူယုတ်မာသည်ပြုလေသမျှသောအမှုတို့တွင် အောင်မြင်တတ်သဖြင့်ဘုရားသခင်စီရင်ဆုံးဖြတ်တော်မူသောအမှု တို့ကို သိမြင်နားလည်နိုင်စွမ်းမရှိ။ရန်သူများကိုလည်းပြက်ရယ်ပြုတတ်၏။
6 ``ငါသည်အဘယ်အခါမျှအရေးရှုံးနိမ့် ရလိမ့်မည်မဟုတ်။အဘယ်အခါမျှဒုက္ခရောက်ရလိမ့်မည် မဟုတ်'' ဟု တစ်ကိုယ်တည်းပြောဆိုနေတတ်၏။
7 သူ၏နှုတ်သည်ကျိန်ဆဲခြင်း၊လိမ်လည်ခြင်း၊ ခြိမ်းခြောက်ခြင်းတို့ဖြင့်ပြည့်ဝ၏။မုန်းတီးသောစကား၊ယုတ်မာသောစကားကို အလျင်အမြန်ပြောဆိုတတ်၏။
8 သူသည်ရွာများတွင်ပုန်းအောင်းကာ အပြစ်မဲ့သူများကိုသတ်ဖြတ်တတ်၏။ခိုကိုးရာမဲ့သူများကိုချောင်းမြောင်းနေတတ်၏။