ဆာ​လံ 10:6-12 BCL

6 ``ငါ​သည်​အ​ဘယ်​အ​ခါ​မျှ​အ​ရေး​ရှုံး​နိမ့် ရ​လိမ့်​မည်​မ​ဟုတ်။အ​ဘယ်​အ​ခါ​မျှ​ဒုက္ခ​ရောက်​ရ​လိမ့်​မည် မ​ဟုတ်'' ဟု တစ်​ကိုယ်​တည်း​ပြော​ဆို​နေ​တတ်​၏။

7 သူ​၏​နှုတ်​သည်​ကျိန်​ဆဲ​ခြင်း၊လိမ်​လည်​ခြင်း၊ ခြိမ်း​ခြောက်​ခြင်း​တို့​ဖြင့်​ပြည့်​ဝ​၏။မုန်း​တီး​သော​စ​ကား၊ယုတ်​မာ​သော​စ​ကား​ကို အ​လျင်​အမြန်​ပြော​ဆို​တတ်​၏။

8 သူ​သည်​ရွာ​များ​တွင်​ပုန်း​အောင်း​ကာ အ​ပြစ်​မဲ့​သူ​များ​ကို​သတ်​ဖြတ်​တတ်​၏။ခို​ကိုး​ရာ​မဲ့​သူ​များ​ကို​ချောင်း​မြောင်း​နေ​တတ်​၏။

9 သူ​သည်​သား​ကောင်​ကို​ဖမ်း​ဆီး​ရန်​သား​ရဲ​တွင်း​၌ချောင်း​မြောင်း​နေ​သော​ခြင်္သေ့​ကဲ့​သို့​ဝပ်​၍​နေ တတ်​၏။သူ​သည်​ဆင်း​ရဲ​သူ​များ​ကို​ချောင်း​မြောင်း​၍မိ​မိ​ပိုက်​ကွန်​တွင်​ဖမ်း​ဆီး​ပြီး​လျှင်​ဆွဲ​ယူ သွား​တတ်​၏။

10 သူ​၏​ရက်​စက်​သော​ခွန်​အား​ဖြင့်​ခို​ကိုး​ရာ​မဲ့ သူ​တို့​ကို ပြို​လဲ​စေ​၏။

11 သူ​ယုတ်​မာ​က``ဘု​ရား​သခင်​သည်​ဤ​အ​မှု​တွင် ဂ​ရု​စိုက်​တော်​မ​မူ။ကိုယ်​တော်​သည်​မျက်​စိ​ကို​မှိတ်​၍​ထား​တော် မူ​ပြီ။ငါ့​ကို​အ​ဘယ်​အ​ခါ​မျှ​မြင်​တော်​မူ​လိမ့်​မည် မ​ဟုတ်'' ဟု​တစ်​ကိုယ်​တည်း​ပြော​ဆို​တတ်​၏။

12 အို ထာ​ဝ​ရ​ဘု​ရား၊ ထ​တော်​မူ​ပါ။အို ဘု​ရား​သ​ခင်၊ ထို​ယုတ်​မာ​သူ​တို့​ကို​ဒဏ်​ခတ်​တော်​မူ​ပါ။ဆင်း​ရဲ​ဒုက္ခ​ခံ​ရ​သူ​တို့​ကို​မေ့​လျော့​တော်​မ​မူ​ပါ​နှင့်။