ဆာ​လံ 100:1-4 BCL

1 အို ကမ္ဘာ​သူ​ကမ္ဘာ​သား​အ​ပေါင်း​တို့၊သီ​ချင်း​ဆို​လျက်​ထာ​ဝ​ရ​ဘု​ရား​၏​ဂုဏ်​တော် ကို ချီး​မွမ်း​ကြ​လော့။

2 ထာ​ဝ​ရ​ဘု​ရား​အား​ရွှင်​လန်း​ဝမ်း​မြောက်​စွာ ကိုး​ကွယ်​ဝတ်​ပြု​ကြ​လော့။ဝမ်း​မြောက်​ဖွယ်​ရာ​သီ​ချင်း​များ​ဆို​လျက် ရှေ့​တော်​သို့​ဝင်​ကြ​လော့။

3 ထာ​ဝ​ရ​ဘု​ရား​သည်​ဘု​ရား​ဖြစ်​တော်​မူ​သည်​ဟု ဝန်​ခံ​ကြ​လော့။ကိုယ်​တော်​သည်​ငါ​တို့​အား​ဖန်​ဆင်း​တော်​မူ​၍ ငါ​တို့​၏​အ​ရှင်​ဖြစ်​တော်​မူ​၏။ငါ​တို့​သည်​ကိုယ်​တော်​၏​လူ​စု​တော်​ဖြစ်​ကြ​၏။ကိုယ်​တော်​စောင့်​ထိန်း​တော်​မူ​သည့်​သိုး​စု​ဖြစ် ကြ​၏။

4 ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​လျက်​တံ​ခါး​တော် တွင်း​သို့ ဝင်​ကြ​လော့။ထော​မ​နာ​ပြု​လျက်​တံ​တိုင်း​တော်​တွင်း​သို့​ဝင်​ကြ​လော့။ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​၍​ကိုယ်​တော်​အား ထော​မ​နာ​ပြု​ကြ​လော့။