ဆာ​လံ 102:11-17 BCL

11 ကျွန်​တော်​မျိုး​၏​ဘ​ဝ​အ​သက်​တာ​သည်​ည နေ​ချိန်​၌ ကျ​ရောက်​သည့်​အ​ရိပ်​ကဲ့​သို့​ဖြစ်​ပါ​၏။ကျွန်​တော်​မျိုး​သည်​မြက်​ကဲ့​သို့​ခြောက်​သွေ့ သွား​ပါ​၏။

12 သို့​ရာ​တွင် အို ထာ​ဝ​ရ​ဘု​ရား၊ကိုယ်​တော်​ရှင်​သည်​ထာ​ဝ​ရ​ဘု​ရင်​ဖြစ် တော်​မူ​ပါ​၏။နာ​မ​တော်​သည်​ကာ​လ​အ​စဉ်​အ​ဆက်​တည်​လိမ့်​မည်။

13 ကိုယ်​တော်​ရှင်​သည်​ထ​တော်​မူ​၍​ဇိ​အုန်​မြို့​ကို သ​နား​တော်​မူ​လိမ့်​မည်။ထို​မြို့​ကို​သ​နား​တော်​မူ​ရန်​အ​ချိန်​သည် ကျ​ရောက်​လာ​ပါ​ပြီ။ယ​ခု​အ​ချိန်​သည်​သင့်​တော်​သည့်​အ​ချိန်​ပင် ဖြစ်​ပါ​၏။

14 ကိုယ်​တော်​ရှင်​၏​အ​စေ​ခံ​တို့​သည်​ဇိ​အုန်​မြို့ ပျက်​စီး​သွား​ပြီ​ဖြစ်​သော်​လည်းထို​မြို့​ကို​နှစ်​သက်​မြတ်​နိုး​လျက်​ပင် ရှိ​နေ​ကြ​ပါ​သေး​၏။ဇိ​အုန်​မြို့​ယို​ယွင်း​လျက်​နေ​သော်​လည်း ထို​မြို့​ကို​သ​နား​ကြ​ပါ​သေး​၏။

15 လူ​မျိုး​အ​ပေါင်း​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​ရွံ့​ရို​သေ​ကြ​လိမ့်​မည်။လော​က​ဘု​ရင်​အ​ပေါင်း​တို့​သည်​ကိုယ်​တော်​၏ တန်​ခိုး​တော်​ကို​ကြောက်​ရွံ့​ရိုသေ​ကြ​လိမ့်​မည်။

16 ထာ​ဝ​ရ​ဘု​ရား​သည်​ဇိ​အုန်​မြို့​ကို​ပြန်​လည် တည်​ထောင်​တော်​မူ​သော​အ​ခါမိ​မိ​၏​ဘုန်း​အ​သ​ရေ​တော်​ကို​ပေါ်​လွင် ထင်​ရှား​စေ​တော်​မူ​လိမ့်​မည်။

17 ကိုယ်​တော်​သည်​မိ​မိ​စွန့်​ပစ်​ထား​သည့်​လူ​စု တော်​၏ လျှောက်​ထား​ချက်​ကို​ကြား​တော်​မူ​၍သူ​တို့​၏​ဆု​တောင်း​ပတ္ထနာ​ကို နား​ညောင်း​တော်​မူ​လိမ့်​မည်။