ဆာ​လံ 102:7-14 BCL

7 ကျွန်​တော်​မျိုး​သည်​အိပ်​၍​မ​ပျော်​နိုင်​ဘဲ ဖြစ်​နေ​ပါ​၏။ကျွန်​တော်​မျိုး​သည်​အိမ်​မိုး​ပေါ်​တွင်​တစ်​ကောင်​တည်း နား​နေ​ရ​သော​ငှက်​နှင့်​တူ​ပါ​၏။

8 ကျွန်​တော်​မျိုး​အား​ရန်​သူ​များ​သည်​တစ်​နေ့​လုံး စော်​ကား​ကြ​ပါ​၏။သူ​တို့​သည်​ကျွန်​တော်​မျိုး​ကို​ပုံ​ခိုင်း​၍ ကျိန်​ဆဲ​ကြ​ပါ​၏။

9-10 ကိုယ်​တော်​ရှင်​၏​ပြင်း​ထန်​သော​အ​မျက်​တော် ကြောင့်ကျွန်​တော်​မျိုး​သည်​ပြာ​ကို​အ​စား​အ​စာ အ​ဖြစ်​ဖြင့် စား​ရ​ပါ​၏။စ​ပျစ်​ရည်​ကို​လည်း​မျက်​ရည်​နှင့်​ရော​၍​သောက် ရ​ပါ​၏။ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အား ချီး​မြှောက်​တော်​မူ​ပြီး​မှ​ပစ်​ချ​တော်​မူ​ပါ​၏။

11 ကျွန်​တော်​မျိုး​၏​ဘ​ဝ​အ​သက်​တာ​သည်​ည နေ​ချိန်​၌ ကျ​ရောက်​သည့်​အ​ရိပ်​ကဲ့​သို့​ဖြစ်​ပါ​၏။ကျွန်​တော်​မျိုး​သည်​မြက်​ကဲ့​သို့​ခြောက်​သွေ့ သွား​ပါ​၏။

12 သို့​ရာ​တွင် အို ထာ​ဝ​ရ​ဘု​ရား၊ကိုယ်​တော်​ရှင်​သည်​ထာ​ဝ​ရ​ဘု​ရင်​ဖြစ် တော်​မူ​ပါ​၏။နာ​မ​တော်​သည်​ကာ​လ​အ​စဉ်​အ​ဆက်​တည်​လိမ့်​မည်။

13 ကိုယ်​တော်​ရှင်​သည်​ထ​တော်​မူ​၍​ဇိ​အုန်​မြို့​ကို သ​နား​တော်​မူ​လိမ့်​မည်။ထို​မြို့​ကို​သ​နား​တော်​မူ​ရန်​အ​ချိန်​သည် ကျ​ရောက်​လာ​ပါ​ပြီ။ယ​ခု​အ​ချိန်​သည်​သင့်​တော်​သည့်​အ​ချိန်​ပင် ဖြစ်​ပါ​၏။

14 ကိုယ်​တော်​ရှင်​၏​အ​စေ​ခံ​တို့​သည်​ဇိ​အုန်​မြို့ ပျက်​စီး​သွား​ပြီ​ဖြစ်​သော်​လည်းထို​မြို့​ကို​နှစ်​သက်​မြတ်​နိုး​လျက်​ပင် ရှိ​နေ​ကြ​ပါ​သေး​၏။ဇိ​အုန်​မြို့​ယို​ယွင်း​လျက်​နေ​သော်​လည်း ထို​မြို့​ကို​သ​နား​ကြ​ပါ​သေး​၏။