ဆာ​လံ 103:1-5 BCL

1 အို ငါ့​ဝိ​ညာဉ်၊ထာ​ဝ​ရ​ဘု​ရား​အား​ထော​မ​နာ ပြု​လော့။ ငါ​၏​ကိုယ်​စိတ်​နှ​လုံး​တို့၊ကိုယ်​တော်​၏သန့်​ရှင်း​မြင့်​မြတ်​သော​နာ​မ​တော်​အား ထော​မ​နာ​ပြု​ကြ​လော့။

2 အို ငါ့​ဝိ​ညာဉ်၊ထာ​ဝ​ရ​ဘု​ရား​အား​ထော​မ​နာ ပြု​လော့။ကျေး​ဇူး​တော်​အ​ပေါင်း​ကို​မ​မေ့​မ​လျော့​နှင့်။

3 ကိုယ်​တော်​သည်​ငါ​၏​အ​ပြစ်​ရှိ​သ​မျှ​တို့​ကို ဖြေ​လွှတ်​တော်​မူ​၍ငါ​၏​အ​နာ​ရော​ဂါ​ရှိ​သ​မျှ​တို့​ကို​လည်း ပျောက်​ကင်း​စေ​တော်​မူ​၏။

4 ကိုယ်​တော်​သည်​ငါ့​အား​သေ​ဘေး​မှ​ကယ်​တော်​မူ​၍မေတ္တာ​တော်​နှင့်​က​ရု​ဏာ​တော်​တို့​ဖြင့် ရစ်​ပတ်​တော်​မူ​၏။

5 ကိုယ်​တော်​သည်​ငါ့​အား​ကောင်း​ချီး​ပေး​တော်​မူ သ​ဖြင့်ငါ​သည်​လင်း​ယုန်​ငှက်​ကဲ့​သို့​နု​ပျို​သန်​စွမ်း လျက်​ရှိ​၏။