10 ငါတို့အားခံထိုက်သည့်အပြစ်ဒဏ်ကိုခံစေ တော်မမူ၊ငါတို့၌အပြစ်များနှင့်အမှားများရှိသည့် အတိုင်း အပြစ်ပေးတော်မမူ။
11 ကမ္ဘာမြေပြင်အထက်ရှိမိုးကောင်းကင်သည်မြင့်မားသည်နှင့်အမျှကိုယ်တော်ကိုကြောက်ရွံ့သူတို့အတွက်ထားရှိသော မေတ္တာတော်သည်ကြီးမားတော်မူ၏။
12 အရှေ့မျက်နှာစွန်းသည်အနောက်မျက်နှာ စွန်းနှင့် ဝေးကွာသကဲ့သို့ကိုယ်တော်သည်ငါတို့အားငါတို့အပြစ်များနှင့် ဝေးကွာစေတော်မူ၏။
13 ဖခင်သည်သားသမီးတို့အားသနား ကြင်နာသကဲ့သို့ထာဝရဘုရားသည်မိမိအားကြောက်ရွံ့ရိုသေ သူတို့အားသနားကြင်နာတော်မူ၏။
14 ငါတို့ကိုယ်ခန္ဓာကိုမည်ကဲ့သို့တည်ဆောက်ထားသည်ကိုကိုယ်တော် သိတော်မူ၏။ငါတို့သည်မြေမှုန့်ဖြစ်ကြောင်းကိုသတိရ တော်မူ၏။
15 ငါတို့၏ဘဝအသက်တာသည်မြက်ပင်နှင့် တူ၏။ငါတို့သည်တောပန်းကဲ့သို့ကြီးထွား ပွင့်လန်းလျက်နေကြ၏။
16 လေတိုက်သောအခါပန်းပွင့်သည် ကြွေပျောက်၍သွားသဖြင့်ယင်းကိုနောက်တစ်ဖန်မတွေ့မမြင်ရတော့ပေ။