ဆာ​လံ 104:1-4 BCL

1 အို ငါ့​ဝိ​ညာဉ်၊ထာ​ဝ​ရ​ဘု​ရား​အား​ထော​မ​နာ ပြု​လော့။ကျွန်​တော်​မျိုး​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​သည်​အ​လွန်​ကြီး​မြတ်​တော်​မူ ပါ​၏။ကိုယ်​တော်​ရှင်​သည်​တန်​ခိုး​တော်​နှင့်ဘုန်း​အ​သ​ရေ​တော်​တို့​ဖြင့်​တန်​ဆာ​ဆင်​လျက် ရှိ​တော်​မူ​ပါ​၏။

2 ကိုယ်​တော်​ရှင်​သည်​မိ​မိ​ကိုယ်​ကို​အ​လင်း​ရောင်​ဖြင့် လွှမ်း​ခြုံ​တော်​မူ​ပါ​၏။မိုး​ကောင်း​ကင်​ကို​တဲ​ရှင်​သ​ဖွယ်​ဖြန့်​တော်​မူ​၍

3 မိုး​မျက်​နှာ​ကျက်​ရှိ​ရေ​ပြင်​အ​ထက်​တွင်​အိမ်​တော်​ကို တည်​တော်​မူ​ပါ​၏။ကိုယ်​တော်​ရှင်​သည်​မိုး​တိမ်​တို့​ကို​ရ​ထား​သ​ဖွယ်၊ လေ​ကို​အ​တောင်​များ​သ​ဖွယ်​စီး​တော်​မူ​၏။

4 ကိုယ်​တော်​ရှင်​သည်​လေ​တို့​ကို​စေ​တ​မန်​များ အ​ဖြစ်​ဖြင့်​လည်း​ကောင်း၊လျှပ်​စစ်​လျှပ်​နွယ်​တို့​ကို​အ​စေ​ခံ​များ အ​ဖြစ်​ဖြင့်​လည်း​ကောင်း​အ​သုံး​ပြု​တော် မူ​ပါ​၏။