ဆာ​လံ 104:7-13 BCL

7 ကိုယ်​တော်​ရှင်​ဆုံး​မ​တော်​မူ​လိုက်​သော​အ​ခါ ရေ​တို့​သည်​ပြေး​သွား​ကြ​ပါ​၏။ရေ​တို့​သည်​ကိုယ်​တော်​ရှင်​၏​မိုး​ချုန်း​သံ​ကို ကြား​သော​အ​ခါ​လျင်​မြန်​စွာ​စီး​ဆင်း​သွား ကြ​ပါ​၏။

8 ရေ​တို့​သည်​တောင်​များ​ပေါ်​မှ ချိုင့်​ဝှမ်း​များ​သို့​လည်း​ကောင်း၊ကိုယ်​တော်​ရှင်​သူ​တို့​အ​တွက်​ပြင်​ဆင်​သတ်​မှတ် ထား​သည့်​အ​ရပ်​သို့​လည်း​ကောင်း​စီး​သွား ကြ​ပါ​၏။

9 ကမ္ဘာ​မြေ​ကြီး​ကို​နောက်​တစ်​ဖန်​ရေ​မ​လွှမ်း​မိုး​စေ​ရန်ကိုယ်​တော်​ရှင်​သည်​ရေ​တို့​ကူး​ကျော်​၍​မ​ရ​နိုင်​သည့် နယ်​နိ​မိတ်​ကို​သတ်​မှတ်​ပေး​တော်​မူ​ပါ​၏။

10 ကိုယ်​တော်​ရှင်​သည်​ချိုင့်​ဝှမ်း​များ​တွင်​စမ်း​ချောင်း တို့​ကိုပေါ်​ပေါက်​စေ​တော်​မူ​၍​တော​များ​အ​ကြား​တွင် မြစ်​များ​စီး​ဆင်း​စေ​တော်​မူ​ပါ​၏။

11 ထို​မြစ်​များ​သည်​တော​တိ​ရစ္ဆာန်​တို့​အား သောက်​ရေ​ကို​ပေး​ပါ​၏။မြည်း​ရိုင်း​တို့​ကို​လည်း​ရေ​ငတ်​ပြေ​စေ ပါ​၏။

12 အ​နီး​အ​နား​ရှိ​သစ်​ပင်​များ​ပေါ်​တွင်​ငှက် တို့​သည် အ​သိုက်​လုပ်​လျက်​သာ​ယာ​စွာ​အော်​မြည် ကြ​ပါ​၏။

13 ကိုယ်​တော်​ရှင်​သည်​ကောင်း​ကင်​မှ​တောင်​များ ပေါ်​သို့ မိုး​ရွာ​ကျ​စေ​တော်​မူ​သ​ဖြင့်ကမ္ဘာ​မြေ​ကြီး​သည်​ကိုယ်​တော်​ရှင်​၏​ကောင်း​ချီး မင်္ဂ​လာ​များ​ကို​ပြည့်​ဝ​စွာ​ခံ​စား​ရ​ပါ​၏။