ဆာ​လံ 105:1-4 BCL

1 ထာ​ဝ​ရ​ဘု​ရား​၏​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း ကြ​လော့။ကိုယ်​တော်​သည်​ကြီး​မြတ်​တော်​မူ​ကြောင်း​ကို ထုတ်​ဖော်​ကြေ​ညာ​ကြလော့။ကိုယ်​တော်​ပြု​တော်​မူ​သော​အ​မှု​တော်​တို့​ကို လူ​မျိုး​တ​ကာ​တို့​အား​ပြော​ကြား​ကြ​လော့။

2 သီ​ချင်း​ဆို​၍​ထာ​ဝ​ဘု​ရား​၏​ဂုဏ်​တော်​ကို ချီး​မွမ်း​ကြ​လော့။ကိုယ်​တော်​ပြု​တော်​မူ​သော​အံ့​သြ​ဖွယ်​ရာ အ​ပေါင်း​တို့​ကို​ဖော်​ပြ​ကြ​လော့။

3 ငါ​တို့​အား​ကိုယ်​တော်​ပိုင်​တော်​မူ​သည်​ဖြစ်​၍ ဝမ်း​မြောက်​ကြ​လော့။ထာ​ဝ​ရ​ဘု​ရား​အားကိုး​ကွယ်​ဝတ်​ပြု​သူ​အ​ပေါင်း​တို့၊ ဝမ်း​မြောက်​ရွှင်​မြူး​ကြ​လော့။

4 အ​ကူ​အ​ညီ​တောင်း​ခံ​ရန်​ထာ​ဝ​ရ​ဘု​ရား​၏ ထံ​တော်​သို့​ချဉ်း​ကပ်​ကြ​လော့။ရှေ့​တော်​မှောက်​တွင်​အ​စဉ်​အ​မြဲ​နေ​ကြ​လော့။