ဆာ​လံ 105:12-18-19 BCL

12 ဘု​ရား​သ​ခင်​၏​လူ​စု​တော်​သည်အ​ရေ​အ​တွက်​အား​ဖြင့်​နည်း​ပါး​၍​ခါ​နာန်​ပြည်​တွင် သူ​စိမ်း​တစ်​ရံ​ဆံ​များ​ဖြစ်​ကြ​၏။

13 သူ​တို့​သည်​တစ်​နိုင်​ငံ​မှ​တစ်​နိုင်​ငံ​သို့​လည်း​ကောင်း၊တစ်​ရပ်​မှ​တစ်​ရပ်​သို့​လည်း​ကောင်း​လှည့်​လည် သွား​လာ​ရ​ကြ​၏။

14 သို့​ရာ​တွင်​ဘု​ရား​သ​ခင်​သည်​သူ​တို့​အားဖိ​စီး​နှိပ်​စက်​ရန်​အ​ဘယ်​သူ​ကို​မျှ​ခွင့်​ပြု​တော်​မ​မူ။ သူ​တို့​ကို​ကာ​ကွယ်​စောင့်​ရှောက်​တော်​မူ​၏။

15 ကိုယ်​တော်​က``ငါ​ရွေး​ချယ်​ထား​သည့်​အ​စေ​ခံ​တို့​ကို မ​ထိ​မ​ခိုက်​ကြ​နှင့်။ငါ​၏​ပ​ရော​ဖက်​တို့​အား​လက်​ဖျား​နှင့်​ပင်မ​တို့​ကြ​နှင့်'' ဟု​ရှင်​ဘု​ရင်​တို့​အား သ​တိ​ပေး​တော်​မူ​၏။

16 ကိုယ်​တော်​သည်​သူ​တို့​ပြည်​၌​ငတ်​မွတ်​ခေါင်း​ပါး ခြင်း ဘေး​ဆိုက်​ရောက်​စေ​တော်​မူ​သ​ဖြင့်စား​နပ်​ရိက္ခာ​ပြတ်​လပ်​သွား​သော​အ​ခါ

17 ကျွန်​အ​ဖြစ်​အ​ရောင်း​ခံ​ရ​သူ​ယော​သပ်​အား သူ​တို့​၏​ရှေ့​မှ​စေ​လွှတ်​တော်​မူ​ပေ​သည်။

18-19 ယော​သပ်​ကြို​တင်​ဟော​ကြား​သည့်​အ​တိုင်း ဖြစ်​ပျက်​၍​မ​လာ​မီယော​သပ်​သည်​ခြေ​ကျင်း​အ​ခတ်​ခံ​ရ​၏။သူ​၏​လည်​တွင်​လည်း​သံ​လည်​ပတ်​အ​တပ်​ခံ​ရ​၏။သူ့​အား​ဖြင့်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သော ဗျာ​ဒိတ်​စ​ကား​အ​တိုင်း​ဖြစ်​ပျက်​လာ​၏။