ဆာ​လံ 105:2-9 BCL

2 သီ​ချင်း​ဆို​၍​ထာ​ဝ​ဘု​ရား​၏​ဂုဏ်​တော်​ကို ချီး​မွမ်း​ကြ​လော့။ကိုယ်​တော်​ပြု​တော်​မူ​သော​အံ့​သြ​ဖွယ်​ရာ အ​ပေါင်း​တို့​ကို​ဖော်​ပြ​ကြ​လော့။

3 ငါ​တို့​အား​ကိုယ်​တော်​ပိုင်​တော်​မူ​သည်​ဖြစ်​၍ ဝမ်း​မြောက်​ကြ​လော့။ထာ​ဝ​ရ​ဘု​ရား​အားကိုး​ကွယ်​ဝတ်​ပြု​သူ​အ​ပေါင်း​တို့၊ ဝမ်း​မြောက်​ရွှင်​မြူး​ကြ​လော့။

4 အ​ကူ​အ​ညီ​တောင်း​ခံ​ရန်​ထာ​ဝ​ရ​ဘု​ရား​၏ ထံ​တော်​သို့​ချဉ်း​ကပ်​ကြ​လော့။ရှေ့​တော်​မှောက်​တွင်​အ​စဉ်​အ​မြဲ​နေ​ကြ​လော့။

5-6 ကိုယ်​တော်​၏​အ​စေ​ခံ​အာ​ဗြ​ဟံ​၏​အ​မျိုး အ​နွယ်​တို့၊ကိုယ်​တော်​ရွေး​ကောက်​တော်​မူ​သော​ယာ​ကုပ်​၏ သား​မြေး​တို့၊သင်​တို့​သည်​ကိုယ်​တော်​ပြ​တော်​မူ​သည့်အံ့​သြ​ဖွယ်​ကောင်း​သော​နိ​မိတ်​လက္ခ​ဏာ​တို့ ကို​လည်း​ကောင်း၊ကိုယ်​တော်​ချ​မှတ်​တော်​မူ​သော​တ​ရား​စီ​ရင်​ချက် တို့​ကို​လည်း​ကောင်း​အောက်​မေ့​သ​တိ​ရ​ကြ​လော့။

7 ထာ​ဝ​ရ​ဘု​ရား​သည်​ငါ​တို့​၏​ဘု​ရား​ဖြစ်​တော်​မူ​၏။ကိုယ်​တော်​၏​အ​မိန့်​တော်​တို့​သည် တစ်​ကမ္ဘာ​လုံး​အ​တွက်​ဖြစ်​၏။

8 ကိုယ်​တော်​သည်​မိ​မိ​၏​ပ​ဋိ​ညာဉ်​တော်​ကို ထာ​ဝ​စဉ် ခိုင်​မြဲ​စေ​တော်​မူ​လိမ့်​မည်။က​တိ​တော်​များ​ကို​လူ​မျိုး​ဆက်​တစ်​ထောင် တိုင်​အောင်​တည်​စေ​တော်​မူ​လိမ့်​မည်။

9 အာ​ဗြ​ဟံ​နှင့်​ပြု​တော်​မူ​သော​ပ​ဋိ​ညာဉ်​တော်​နှင့်ဣ​ဇာက်​အား​ပေး​တော်​မူ​သော​က​တိ​တော်​ကို တည်​စေ​တော်​မူ​လိမ့်​မည်။