1 ထာဝရဘုရားအားထောမနာပြုကြလော့။ကိုယ်တော်သည်ကောင်းမြတ်တော်မူသည်ဖြစ်၍ ကျေးဇူးတော်ကိုချီးမွမ်းကြလော့။ကိုယ်တော်၏မေတ္တာတော်သည်ထာဝရတည် ၏။
2 အဘယ်သူသည်ကိုယ်တော်၏အံ့သြဖွယ်ကောင်း သော အမှုတော်အပေါင်းတို့ကိုဖော်ပြနိုင်ပါသနည်း။အဘယ်သူသည်ကိုယ်တော်၏ဂုဏ်တော်ရှိ သမျှကို ဖော်ကူးနိုင်ပါသနည်း။
3 တရားမျှတစွာပြုမူ၍အမှန်တရားကို အစဉ် ကျင့်သုံးသူတို့သည်မင်္ဂလာရှိကြ၏။
4 အို ထာဝရဘုရား၊ကိုယ်တော်ရှင်၏လူစုတော်အား ကူမတော်မူသောအခါကျွန်တော်မျိုးကိုလည်းသတိရတော်မူပါ။သူတို့အားကယ်တော်မူသောအခါ ကျွန်တော်မျိုးကိုလည်းကယ်တော်မူပါ။
5 ကိုယ်တော်ရှင်၏လူစုတော်ကောင်းစားသည်ကို ကျွန်တော်မျိုးမြင်ပါရစေ။ကိုယ်တော်ရှင်၏ပြည်တော်သားများ ဝမ်းမြောက်ရာ၌လည်းကောင်း၊ကိုယ်တော်ပိုင်တော်မူသောသူတို့ရွှင်လန်းအား ရစွာဂုဏ်ယူဝါကြွားရာ၌လည်းကောင်းကျွန်တော်မျိုး ပါဝင်ပါရစေ။
6 ကျွန်တော်မျိုးတို့သည်ဘိုးဘေးများနည်းတူအပြစ်ကူးကြပါပြီ။ ယုတ်မာဆိုးညစ်ကြ ပါပြီ။